ရွှေဆိုင်များ ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနေသော်လည်း အရောင်းအဝယ်အေးနေ

0
122

ရွှေဈေးကွက်အတွင်း အစစ်အဆေးကြမ်းနေသော်လည်း ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များ ပုံမှန်အတိုင်းအရောင်းအဝယ်ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ရွှေဈေးနှုန်း သိန်း(၆၀) နားကပ်သည်အထိ စံချိန်တင်မြင့်တက်လာသဖြင့်အချို့ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းများ လုပ်ဆောင်ခဲ့သလို လက်ရှိအချိန်ထိလည်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ထို့ပြင် မြင့်တက်နေသည့်ရွှေဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ရွှေဆိုင်များအနေဖြင့် အသင်း၏ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန် သတိပေးထားပြီး အရောင်းရပ်ထားခြင်းများ မလုပ်ဆောင်ကြရန် ညွှန်ကြားမှုများလည်း ရှိသည်။

လက်ရှိတွင် ရန်ကုန်ရွေဈေးကွက်အတွင်း ရွှေဆိုင်များ ပုံမှန်ဆိုင်အဖွင့်ပြ၍ အရောင်းအဝယ်ပြုလုပ်နေသော်လည်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တွင် ရွှေဝယ်ယူရန် တန်းစီဆောင့်ဆိုင်းကာ အလုအယက်ဝယ်ယူနေကြသည်ဟုဆိုကာ လူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့် ဓာတ်ပုံအချို့ မျှဝေမှုများ ရှိခဲ့သော်လည်း ယမန်နေ့ ဇွန်လ (၁၀) ရက် နံနက်ပိုင်းတွင် ပေါ် ပြူလာနယူးစ်မှ မြေပြင်တွင် လိုက်လံ‌လေ့လာကြည့်ရာ ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်အများစု၌ ရွှေဝယ်ယူသူအနည်းငယ်မျှသာတွေ့ရပြီး အရောင်းအဝယ်အေးနေသည်ကို တွေ့ရသည်။

ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦး မျှဝေထားသည့် ဓာတ်ပုံတွင်တော့ ၎င်း၏ ဆိုင်တွင် ရွှေဝယ်ယူရန် သို့မဟုတ် ရောင်းချရန်အတွက် တန်းစီစောင့်ဆိုင်းနေသ ည့် လူဦးရေ ဆယ်နှင့်ချီကာတွေ့ရပြီး အရောင်းအဝယ်ကောင်းမွန်သည့် ပုံသဏ္ဍန်လေ့လာတွေ့ရှိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ၎င်းတို့ သတ်မှတ်ပေးသည့် ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရွှေဆိုင်များ အရောင်းအဝယ်လုပ်ရန် ညွှန်ကြားထားပြီးယနေ့ ဇွန်လ(၁၁) ရက်အတွင် YGEA က သတ်မှတ်ပေးထားသည့် ရည်ညွှန်းရွှေဈေးနှုန်းမှာ တစ်ကျပ်သား ၄၆၈၂၈၉၁ ကျပ် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here