ဂါဇာကမ်းမြောင်အတွက်လုံခြုံရေးကောင်စီ၏ အပစ်အခတ်ရပ်စဲရေးအဖြေကို ဟားမတ်စ်ကြိုဆို

0
295

ကုလသမဂ္ဂ၊ဇွန် ၁၁

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တင်ပြခဲ့သည့် အဆင့်သုံးဆင့်ပါ ဂါဇာအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ကုလသမဂ္ဂကလည်းထောက် ခံအားပေးသကဲ့သို့ အစ္စရေးကလည်းလက်ခံကြောင်း အမေရိကဘက်မှကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဟားမတ်စ်ဘက်ကလည်းလက်ခံရန် ကုလလုံခြုံရေးကောင်စီကိုတောင်းဆိုထားကြောင်းသိရသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား ၁၄ ရက်ကြာဆွေးနွေးပြီးအတည်ပြုခဲ့သည့် အမေရိက၏ အဆိုပါအပစ်ရပ်စဲရေးအစီအစဉ်တွင် ရုရှားတစ်နိုင်ငံတည်းကသာ မဲမပေးဘဲ ကြားနေခဲ့သော်လည်း ကျန်အဖွဲ့ဝင် ၁၄ နိုင်ငံ စလုံးက ထောက်ခံအားပေးခဲ့ကြောင်းလည်းသိရသည်။

လုံခြုံရေးကောင်စီ၏ ထောက်ခံမှုကို ရရှိထားသည့် အဆိုပါအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ဟားမတ်စ်ကလည်း ထောက်ခံကြိုဆိုခဲ့ပြီး ကြားဝင်ဖျန်ဖြေပေးသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်းကိုပါပြောကြားခဲ့သည်။

“ကျွန်တော်တို့ပြည်သူတွေရဲ့ တောင်းဆိုချက်တွေ၊ခုခံကာကွယ်ပိုင်ခွင့်တွေနဲ့ကိုက်ညီတဲ့ အခြေခံမူတွေကိုအကောင်အထည်ဖော်ဖို့ စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ရပါလိမ့်မယ်” ဟုလည်းဟားမတ်စ်တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယခုအပစ်အခတ်ရပ်စဲရေးအစီအစဉ်၌ ဟားမတ်စ်နှင့်အစ္စရေးအစိုးရတို့က ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများစွာပါဝင်ခြင်းကြောင့် ကောင်းမွန်သည့်ခြေလှမ်းတစ်ခုအဖြစ်ယူဆသည်ဟုလည်း အမေရိကန်တက္ကသိုလ် တစ်ခုမှ ဒေါက်တာ မိုဟာမက်ထ် အဘူနီမာကပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းစတင်နိုင်ရန် ယခုထက်ပိုပြီး လေးနက်သည့်စေ့စပ်ညှိနှိုင်းမှုများအတွက် လမ်းခင်းပေးနိုင်သည့် လက်ရှိအစီအစဉ်ကို အစ္စရေးဘက်ကလည်းလက်ခံရန် အရေးကြီးကြောင်းပါပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here