ဘယ်လ်တီမောရ် သင်္ဘောလမ်းကြောင်း အပြည့်အဝပြန်ဖွင့်

0
121

ဝါရှင်တန်၊ဇွန် ၁၁

မတ်လ၌ ကုန်တင်သင်္ဘောတစ်စီးက ဝင်တို-က် သဖြင့် ပြိ-ုကျပျက်စီးခဲ့ရသည့် ဘယ်လ်တီမောရ် သင်္ဘောလမ်းကြောင်းကို နှစ်လကျော်ကြာ ပိတ်ထားခဲ့ရရာမှ ယခုအခါ အပြည့်အဝပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အမေရိကန်ရေတပ်အင်ဂျင်နီယာများနှင့်ရေငုပ်သမားများသည် Patapsco မြစ်အတွင်းမှ အပျက်အစီး တန်ချိန် ၅၀,၀၀၀ ခန့်ကို ဖယ်ရှားလိုက်ခြင်းဖြင့် ရေလမ်းကြောင်းကို မူလအတိုင်း ပြန်လည်ပြုပြင်ခဲ့ကြောင်း Key Bridge Response Unified Command က သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ပြုလုပ်လိုက်မှုကြောင့် မြစ်ကြမ်းပြင်သည် ဇွန် ၁၀ ရက် (တနင်္လာနေ့) ကစပြီး ဖြတ်သန်းသွားလာမှုအတွက် ဘေးကင်းသွားပြီဖြစ်ကြောင်းလည်း အသိအမှတ်ပြုကြေငြာခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်က စင်္ကာပူနိုင်ငံ အလံလွှင့်ထူထားသော ဒါလီ အမည်ရှိသင်္ဘောသည် လျှပ်စစ်မီးချို့ယွင်းမှုကြောင့် ဖရန်စစ်စကော့ကီးတံတား၏ထောက်တိုင်ကိုဝင်တို-က်မိကာ ပြိ-ုကျခဲ့ပြီးလမ်းလုပ်ငန်းအတွက် တွင်းတူးနေသော လမ်းလုပ်သားခြောက်ဦးလည်း‌ေ-သဆုံးခဲ့သည်။

တန်ချိန် ၁၀၆,၀၀၀ ရှိသော အဆိုပါသင်္ဘောသည် မတော်တဆမှု ဖြစ်ပွားချိန်တွင် သီရိလင်္ကာသို့ ဦးတည်ခုတ်‌မောင်းလာခဲ့ခြင်းလည်းဖြစ်‌ကြောင်းသိရသည်။ယင်းနောက် အဆိုပါ သင်္ဘောကို ပြီးခဲ့သည့်လကပြန်ဖော်ကာ ဆိပ်ကမ်းသို့ ပြန်လည်ဆွဲတင်နိုင်ခဲ့သည်ဟုလည်းသိရသည်။

ဘယ်လ်တီမောရ် ဆိပ်ကမ်းသည် အမေရိက၏ အရေးအပါဆုံးဆိပ်ကမ်းများထဲမှတစ်ခုဖြစ်ပြီး မော်တော်ယာဥ်လုပ်ငန်းအတွက် အဓိကအချက်အချာကျသော နေရာတစ်ခုဖြစ်ပြီး ယမန်နှစ်က ယာဥ်အစီးရေ ၈၅၀,၀၀၀ နီးပါးအဝင်အထွက်ရှိကာ အခြားဆိပ်ကမ်းများထက် ေရယာဥ် အဝင်အထွက် ပိုများသည်ဟုလည်းသိရသည်။

သင်္ဘောလိုင်းကို အပြည့်အဝပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ နှစ်လမ်းသွား သွားလာမှုကို ခွင့်ပြုတော့မည်ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here