နူးဇီလန်က တောင်ကိုရီးယားကုလမစ်ရှင်သို့ စစ်သားများထပ်မံစေလွှတ်မည်ဟုဆို

0
122

ဆစ်ဒ်နီ၊ဇွန် ၁၁

မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားတို့အကြား ရှိ စစ်မဲ့ဇုန်တစ်လျှောက်ရှိကုလသမဂ္ဂ၏ မစ်ရှင် သို့ စစ်မှုထမ်း ၄၁ ဦးကို နူးဇီလန်ကထပ်မံစေလွှတ်ပေးမည်ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့ကပြောကြားခဲ့သည်။

နူးဇီလန်ကာကွယ်ရေးဝန်ကြီးက ကုလကွပ်ကဲသည့် လုံခြုံရေးတပ်ရင်း၌ ၎င်း၏တပ်အင်အား ကို မူလက ၁၂ ဦး သာရှိရာ မှ ယခုအခါ ၄၁ ဦးထပ်မံတိုးမြှင့်ကာ ၅၃ ဦးအထိ မြှင့်တင်ပေးလိုက်ခြင်းသည် ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် ၎င်း၏ထောက်ပံ့မှုကို ပြသခြင်းပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တောင်ကိုရီးယား၌ ကာလရှည်တပ်ဖြန့်နိုင်မှုကာလကို လည်း ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ သက်တမ်းတိုးမြှင့်ထားကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

နူးဇီလန်ဝန်ကြီးချုပ် ခရစ်စတိုဖာလူဇွန်သည် ယမန်နှစ်တွင် ၎င်းအာဏာရလာပြီးကတည်းက ပင်လယ်နီသို့ ရေကြောင်းလုံခြုံရေးအဖွဲ့စေလွှတ်ခြင်းအပါအဝင် နိုင်ငံတကာဆက်ဆံ ရေးကိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here