မြောက်ကိုရီးယား-မြန်မာပွဲစဉ် မြန်မာရှုံးနိမ့်ပြန်

0
121

၂၀၂၆ ကမ္ဘာဖလားဝင်ရောက်ခွင့် အာရှဇုန်အဆင့် ဒုတိယအကျော့ပြိုင်ပွဲအား ယမန်နေ့ ဇွန်(၁၁)ရက် ည (၇)နာရီ ခွဲအချိန်၌ မြောက်ကိုရီးယားနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြောက်ကိုရီးယားအသင်းက(၄)ဂိုးသွင်းယူ၍ အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းဘက်မှ ပြန်လည်ချေပဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ချေပဂိုးအား အလယ်တန်းကစားသမာ ဝေလင်းအောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။

ပွဲထွက် လူစာရင်းတွင် ဂိုးသမားအဖြစ် ဆန်းဆက်နိုင်၊ ကျော်ဇင်ဖြိုး၊ ဇင်ညီညီအောင်၊ နောက်တန်းကစားသမား ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ငြိမ်းချမ်း၊ စိုးမိုးကျော်၊ လတ်ဝေဘုန်း၊ သက်ဟိန်းစိုး၊ ဇွဲခန့်မင်း၊ ကျော်မင်းဦး၊ သီဟထက်အောင်တို့ ကစားကြမည်ဖြစ်သည်။

ထို့အပြင် အလယ်တန်းကစားသမားအဖြစ် ရန်နိုင်ဦး၊ နေမိုးနိုင်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်း၊ မောင်မောင်လွင်၊ ဥက္ကာနိုင်၊ ဆွမ်လန်မန်နှင့် ရှေ့တန်းသမားများအဖြစ် ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်တို့ ကစားကြမညဲဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာပွဲစဉ်အား ရုပ်သံ ရိုက်ကူးထုတ်လွှင့်နိုင်ခြင်း မရှိကြောင်း နှင့် Live Stream ပြသနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က အသိပေးထားသည်။

ထို့အပြင် ကွင်းအတွင်း ပရိတ်ကြည့်ရှုခွင့်ကိုလည်း ပိတ်ပင်ထားပြီး တံခါးပိတ်ပွဲအဖြစ်ပြုလုပ်သွားမည်ဟု လာအိုဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ထားမှု့အပေါ် The Laotian Times က သတင်းဖော်ပြထားသည်။

မြောက်ကိုရီးယားအသင်းသည် ၎င်းတို့ ၏အိမ်ကွင်းပွဲစဉ်အား လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့,၊ လာအိုအမျိုးသားဘောလုံးကွင်းအတွင်း ကြားကွင်းအဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here