မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူ (၃,၄၀၀) ကျော်ရှိ၊ တစ်ပြည်နယ်လုံး အတိုင်းအတာအရ (၆) ဘာသာ ဂုဏ်ထူးရှင် (၄၆)ဦး ထွက်ပေါ်

0
336

မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူပေါင်း (၃,၄၀၀) ကျော်ရှိပြီး တစ်ပြည်နယ်လုံး အတိုင်းအတာအရ (၆) ဘာသာဂုဏ်ထူးရှင် (၄၆)ဦးထွက်ပေါ်ခဲ့ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ထို့ပြင် (၅)ဘာသာ ဂုဏ်ထူးရှင် (၄၁) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆၂) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၉၉) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၅၄) ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၄၄၇)ဦးရှိကြောင်း သိရသည်။

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွင် (၁,၄၄၈) ဦး ဝင်‌ရောက်ဖြေဆိုခဲ့ရာ (၉၇၂) ဦး အောင်မြင်ခဲ့ပြီး ၊ ချောင်းဆုံမြို့နယ်တွင်(၄၄၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၈၃) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျိုက်ထိုမြို့နယ်တွင် (၄၆၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၈၈) ဦး အောင်မြင်ခဲ့ပြီး၊ ဘီးလင်းမြို့နယ်တွင် (၃၉၃) ဦးဖြေဆိုခဲ့ရာ (၂၄၄)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ သထုံမြို့နယ်အတွင်း (၄၅၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၇၄) ဦး အောင်မြင်ခဲ့ပြီး ပေါင်မြို့နယ်တွင် (၄၃၀) ဦးဖြေဆိုခဲ့ရာ (၂၅၈)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် (၃၀၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၇၄) ဦး၊ မုဒုံမြို့နယ်တွင် (၇၄၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၈၅) ဦး ၊ သံဖြူဇရပ်မြို့နယ်တွင်(၆၂၅) ဦး ဝင်ရောက်ဖြေဆိုကာ (၃၅၇)ဦး, ရေးမြို့နယ်တွင် ဝင်ရောက်ဖြေဆိုကြသူ (၄၅၃) ဦးရှိခဲ့ရာ (၇၂)ဦး အသီးသီး ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here