အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် သစ္စာအားမာန်အသင်းနှင့် ISPE အသင်းတို့ အနိုင်ရရှိ

0
121

ဇွန်(၁၁)ရက်၊ ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသ ည့် Myanmar Women League 2024 ပွဲစဉ်(၇)သည် ပထ မအကျော့ နောက်ဆုံးပွဲစဉ် တစ်ခုဖြစ်ပြီး ပွဲစဉ်တွင် သစ္စာအားမာန်နှင့် ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းတို့ ယှဉ် ပြိုင်ကစားကြရာ သစ္စာအားမာန်အသင်းက ရှမ်းယူနိုက်တ က်အသင်းကို (၇)ဂိုးသွင်းယူကာ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သ ည်။

အလားတူ ISPE နှင့် YREO အမျိုးသမီးအသင်းတို့ကလည်း ယမန်နေ့ ညနေပိုင်းအချိန်၌ ပဒုမ္မာကွင်းအတွင်း ယှဉ်ပြိုင်က စားကြရာ ISPE အသင်းက (၄)ဂိုး (၂) ဂိုးဖြင့် အနိုင်ရခဲ့သ ည်။

ISPE အသင်း နှင့် YREO အသင်းတို့ပွဲစဉ်တွင် YREO အသ င်း၏ နောက်ခံလူ ထက်နှင်းထွေးမှ ဘောလုံးကို ဖြတ်ထုတ်ရာမှကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ သေးသည်။

ယမန်နေ့ ပွဲစဉ်များသည် ပထမအကျော့ ပွဲစဉ်(၇)ပွဲ၏ နောက် ဆုံးပွဲစဉ်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အထိလည်းကောင်း တတိယအကျော့အား ပွဲစဉ် (၇)ပွဲကို စက်တင်ဘာ(၆) ရက်မှ နိုဝင်ဘာ (၅)ရက်အထိ လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ထို့ကြောင့် အမျိုးသမီးအမှတ်ပေးပိုင်ပွဲအား သုံးကျော့စနစ်ဖြင့် ပွဲစဉ်ပေါင်း (၂၁)ယှဉ်ပြိုင် ကစားသွားကြရမည်ဖြစ်သ ည်။

ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် အသင်း(၇)သင်း ယှဉ်ပြိူင်ကစားနေကြခြင်းဖြစ်ကာ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်သင်းမှာ အသင်းအသစ်များအဖြင့်
ထပ်တိုးယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ – ISPE နှင့် YREO အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here