ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံခဲ့ပြီး နေရပ်ပြန်မည့် မြန်မာနိုင်ငံသား (၁၂၀) ဦး ရနောင်းမှတဆင့် ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်

0
112

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် နေရပ်ပြန်မည့် အချုပ်လွတ် မြန်မာနိုင်ငံသား (၁၂၀) ဦးမှာ ယမန်နေ့ ဇွန်(၁၁) ရက် မွန်းလွဲပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

၎င်းတို့အား ဒေသအာဏာပိုင်အဖွဲ့နှင့် ကျန်းမာရေးဌာနတို့က ကော့သောင်းမြို့၊ မြို့မဆိပ်ခံတံတားတွင် လက်ခံကြိုဆိုခဲ့ပြီး၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် အမျိုးသား (၉၈) ဦး၊ အမျိုးသမီး (၂၂) ဦး ပါဝင်ကာ ၎င်းတို့မှာ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့သူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၈)ရက်ကလည်း ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိူမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံခဲ့ရသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀၇)ဦးကို ကော့သောင်းမြို့ မြို့မဆိပ်ခံတံတား၌ပင် လက်ခံကြိုဆိုခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here