အာကာသအတွင်း ‘တစ်သက်မှာ တစ်ခါ’ ပေါက်ကွဲခြင်းက ကြယ်အသစ်တစ်ခု မွေးဖွားပေးမည်

0
403

နက္ခတ္တဗေဒပညာရှင်များသည် ယခုအချိန်မှ စက်တင်ဘာလအတွင်းအထိတွင် ညကောင်းကင်ယံ၌ “ကြယ်အသစ်”တစ်ခု ပေါ်လာရန် မျှော်လင့်နေကြောင်း NASA ၏အဆိုအရ သိရသည်။

“ဒါဟာ တစ်သက်မှာ တစ်ကြိမ်သာ ကြုံရမယ့် အဖြစ်အပျက်တစ်ခုဖြစ်ပြီး၊ နက္ခတ္တဗေဒ ပညာရှင်အသစ်တွေ အများကြီးကို ဖန်တီးပေးမယ့် အဖြစ်အပျက်တစ်ခုဖြစ်သလို၊ လူငယ်တွေကို သူတို့ကိုယ်တိုင် စောင့်ကြည့်နိုင်၊ သူတို့ရဲ့ ကိုယ်ပိုင်မေးခွန်းတွေ မေးပြီး သူတို့ရဲ့ အချက်အလက်တွေကို စုဆောင်းနိုင်စေမယ့် အဖြစ်အပျက်တစ်ခုပါပဲ” ဟု NASA မှ ဒေါက်တာ ရေဘက်ခါ က ပြောကြားခဲ့သည်။ မေရီလန်းပြည်နယ် ဂရင်းဘဲ့လ်တ် ရှိ NASA ၏ ဂေါ့ဒတ်အာကာသပျံသန်းရေးစင်တာ(Goddard Space Flight Center)တွင် နိုဗာဟုခေါ်ကြသော ကြယ်ပေါက်ကွဲမှုဖြစ်ရပ်များကို အထူးပြုလေ့လာသည့် လက်ထောက်သုတေသနသိပ္ပံပညာရှင် ဟောင်ဆယ်လ် ကလည်း “ဒါက သိပ္ပံပညာရှင်တွေရဲ့ မျိုးဆက်သစ်တွေကို အားဖြည့်ပေးလိမ့်မယ်”ဟုပြောသည်။

စူပါနိုဗာဆိုသည်မှာ ကြီးမားသောကြယ်ကြီးတစ်ခု ပေါက်ကွဲ‌ေ-သဆုံးခြင်းကိုဆိုခြင်းဖြစ်သော်လည်း နိုဗာဆိုသည်မှာမူ ကြယ်ပုဖြူဟုသိကြသော ယိုယွင်းနေပြီဖြစ်သည့်ကြယ်တစ်ခုမှ ရုတ်တရက် ပေါက်ကွဲခြင်းကို ရည်ညွှန်းသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here