တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ(၁,၂၀၀)ကျော်တွင် (၂၀၀)ကျော် ဂုဏ်ထူးထွက်

0
140

တနင်္သာရီတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ (၁,၂၀၆) ဦးရှိသည့်အနက် (၂၀၄)ဦးမှာ ဂုဏ်ထူးထွက်ခဲ့ကြောင်း သိရသည်။

ယင်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂,၆၃၅)ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒဿမ ၃၈ ရာခိုင်နှုန်းရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

အောင်မြင်သူများမှာ ထားဝယ်စာစစ်ဌာနတွင် (၁၇၉)ဦး ၊ ရေဖြူတွင် (၃၆)ဦး၊ လောင်းလုံးတွင် (၆) ဦး၊ သရက်ချောင်းတွင် (၆)ဦး ၊ မြိတ်တွင် (၆၂၁)ဦး၊ ကျွန်းစုတွင် (၁၄၃)ဦး၊ ပုလောတွင် (၉၁)ဦး၊ တနင်္သာရီတွင် (၆)ဦး၊ ကော့သောင်းတွင် (၆၈)ဦးနှင့် ဘုတ်ပြင်းတွင် (၅၀) ဦးစုစုပေါင်း(၁,၂၀၆)ဦးရှိကြောင်း သိရသည်။

အောင်မြင်သူများထဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင်(၃) ဦး ၊ ငါးဘာသာ ဂုဏ်ထူးရရှင် (၉) ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၈) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၁၃) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၄၅) ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၂၆) ဦးဖြင့် စုစုပေါင်း ဂုဏ်ထူးပါသူ (၂၀၄) ဦးရှိခဲ့သည်။

ယခင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် စနစ်ဟောင်းဆယ်တန်းနှင့် စနစ်သစ် (၁၂) တန်း မှ ကျောင်းသူ ကျောင်းသား စုစုပေါင်း (၃,၉၀၇) ဦးရှိပြီး အောင်မြင်သူ (၂,၆၅၈) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၆၈ ရာခိုင်နှုန်းခန့်ရှိကာ ယခု၂၀၂၄ ခုနှစ်ထက် အောင်ချက်ရာခိုင်နှုန်းများခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here