ယခုသီတင်းပတ်အတွင်း တရုတ်ဝန်ကြီးချုပ်သြစတြေးလျသို့ သွားမည်ဟုဆို

0
263

ဆစ်ဒ်နီ၊ဇွန် ၁၁

တရုတ်ဝန်ကြီးချုပ် မစ္စတာလီချင်သည် ဩစတြေးလျနိုင်ငံသို့သွားရောက်မည်ဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်လာသည့်ပြယုဂ်ဖြစ်ကြောင်း၊ ၂၀၁၇ နောက်ပိုင်း တရုတ်ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံးခရီးစဉ်လည်းဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘနီးဇ်က ပြောသည်။

၎င်း၏လေးရက်ကြာခရီးစဉ်အတွင်း လီသည် အယ်လ်ဒလိုက်ဒ်မြို့၊မြို့တော် ကင်ဘာရာနှင့် အနောက်သြစတြေးလျ သတ္တုတွင်းပြည်နယ်တို့ကိုပါ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

တရုတ်သည် သြစတြေးလျ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ဩစတြေးလျ၏ အရင်းအမြစ်များ၊စွမ်းအင်တင်ပို့မှုများနှင့် ကုန်သွယ်မှုစီးဆင်းမှုတို့ကိုပါလွှမ်းမိုးထားသည့် မိတ်ဖက်လည်းဖြစ်သည်။

သြစတြေးလျသည် တရုတ်နိုင်ငံသို့ သံရိုင်းအများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး တရုတ်သည် သြစတြေးလျသတ္တုတွင်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်းဖြစ်သည်။

သို့သော် မကြာသေးမီက ဩစတြေးလျ၏ အရေးပါသော သတ္တုတွင်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအချို့ကို သြစတြေးလျက နိုင်ငံ၏အကျိုးစီးပွားအတွက် ပိတ်ဆို့မှုအချို့လည်းပြုလုပ်ခဲ့သည်။

“သယံဇာတကဏ္ဍအပါအဝင် ကျန်အခန်းကဏ္ဍတွေမှာလည်း တရုတ်နဲ့ ထိတွေ့ဆက်ဆံမှုက ဩစတြေးလျနိုင်ငံတိုးတက်မှုအတွက် အရေးကြီးပါတယ်” ဟုအယ်လ်ဘနီးဇ်ကဆိုခဲ့သည်။

သြစတေးလျအနေဖြင့် တရုတ်နိုင်ငံနှင့် တည်ငြိမ်သည့် တိုက်ရိုက်ဆက်ဆံရေးရရှိရန် ဆက်လက်လုပ်ဆောင်နေပြီး အဓိကအချက်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများလည်းပြုလုပ်နေသည်ဟုပါဆက်လက်ပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here