BTS အဖွဲ့ဝင် “ဂျင်” စစ်မှုထမ်းတာဝန် ပြီးမြောက်

0
226

ယူနီဖောင်းနဲ့ အနက်ရောင် သံပုရာခွံဦးထုပ်ဆောင်းထားတဲ့ ကေပေါ့ပ်အဖွဲ့ BTS ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင် ဂျင်ဟာ ၁၈ လကြာ စစ်မှုထမ်းတာဝန်ပြီးမြောက်ခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့(ဇွန် ၁၂) မှာ စစ်တပ်က နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ မဖြစ်မနေ စစ်မှုထမ်းတာဝန်အတွက် BTS အဖွဲ့မှ ပထမဆုံးတာဝန်ထမ်းဆောင်သူဖြစ်ပြီး အဖွဲ့ရဲ့ ဂီတအလုပ်တွေကို ခေတ္တဆိုင်းငံ့ထားခဲ့ရတာဖြစ်ပါတယ်။

Gyeonggi ပြည်နယ် ယွန်းချွန်းမြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပွေ့ဖက်နူတ်ဆက်ခဲ့စဉ် အသက် ၃၁ နှစ်အရွယ် ဂျင်ရဲ့ စိတ်ခံစားချက်ကို ရုပ်သံမှာ တွေ့မြင်ရပါတယ်။

ကြည့်ရှု့သူ ၃ သန်းကျော်ရှိခဲ့တဲ့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအခမ်းအနားအတွင်း သူ ငိုခဲ့မိတယ်လို့ ဂျင်က ပြောဆိုခဲ့ပါတယ်။

“ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်နဲ့ ခြောက်လလောက်ဟာ အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ်။ လူကောင်းတွေ အများကြီးနဲ့ တွေ့ခဲ့ရပြီး စိတ်အပန်းပြေရာတစ်ခုလို ဖြစ်ခဲ့ပါတယ်” လို့ သူက ဆိုခဲ့ပြီး စစ်စခန်းရှိ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။

တောင်ကိုရီးယား မီဒီယာတွေရဲ့ ဖော်ပြချက်အရ လက်ရှိစစ်တပ်မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေပြီး တာဝန်ပြီးမြောက်မှုအတွက် နုတ်ထွက်ခွင့်လျှောက်ထားတဲ့ ဂီတလောက အဖွဲ့ဝင် အများအပြားရှိနေတယ်လို့ ဆိုပါတယ်။ ၎င်းတို့အနက် BTS ရဲ့ ရက်ပ်ပါတစ်ဦးဖြစ်သူ RM လည်းပါဝင်ပြီး သူဟာ အဖွဲ့ရဲ့ အကျော်ကြားဆုံး သီချင်း Dynamite နဲ့ ဆိုက်ဆိုဖုန်းမှုတ်ရင်း ဂျင်ကို နှုတ်ဆက်ခဲ့ပါတယ်။

ကျန်အဖွဲ့ဝင် လေးဦးကတော့ သူတို့ရဲ့ စစ်မှုထမ်းတာဝန်တွေကို ၂၀၂၃ ခုနှစ်မှာ စတင်ထမ်းဆောင်နေကြတယ်လို့ သိရပြီး သူတို့ရဲ့ တာဝန်တွေပြီးမြောက်ပါက အဖွဲ့ဟာ ၂၀၂၅ ခုနှစ်လောက်မှာ ပြန်လည်ပေါင်းစည်း လှုပ်ရှားကြမယ်လို့ မျှော်လင့်ရပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here