အိန္ဒိယနိုင်ငံ၌ ပြစ်ဒဏ်ကျပြီးခဲ့သော မြန်မာနိုင်ငံသား (၃၈) ဦးတမူးမြို့တွင် လွှဲပြောင်းလက်ခံ

0
137

အိန္ဒိယ နိုင်ငံ၌ ပြစ်ဒဏ်ကျပြီးခဲ့သော မြန်မာနိုင်ငံသား (၃၈) ဦးကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊မြန်မာ – အိန္ဒိယနှစ်နိုင်ငံနယ်စပ် သံတံတားဂိတ်တွင် ဇွန်လ(၁၁)ရက် ၊ နေ့လယ် (၁၂)နာရီ အချိန်က လွှဲပြောင်းလက်ခံခဲ့သည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Imphal အကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့ပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား (၃၈) ဦးကို အိန္ဒိယနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းခဲ့ရာ မြန်မာနိုင်ငံတာဝန်ရှိသူများက နှစ်နိုင်ငံလွှဲပြောင်းလက်ခံရေး ဥပဒေမူဝါဒများနှင့်အညီ လွှဲပြောင်းလက်ခံခဲ့ကြသည်။

ပြစ်ဒဏ်ကျခံခဲ့ပြီးသော မြန်မာနိုင်ငံသားများအား လွှဲပြောင်းလက်ခံရာသို့ တမူးတပ်နယ်မှူး ဗိုလ်မှူးကြီးညီညီတင်၊ တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တမူးခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံမှ လွှဲပြောင်းလက်ခံရရှိခဲ့သည့် မြန်မာနိုင်ငံသားများအား တမူးမြို့ မီးကွင်းဘုန်းတော်တော်ကြီး ကျောင်းတွင် ယာယီနေရာချထားပေးခဲ့ပြီး ကျန်းမာရေး စစ်ဆေးပေးခြင်း ၊အစားအသောက်နှင့် လိုအပ်သည်များကို ဌာနဆိုင်ရာများမှကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here