မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင်ကဏ္ဍ(၆)ခုအတွက် စာတမ်း(၃၆)စောင်ဖတ်မည်

0
242

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို ဇွန်လ (၂၅) ရက်မှ (၂၇)ရက်အထိ (၃)ရက်ကြာ ကျင်းပမည်ဟု နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

အဆိုပါ ပညာရေးညီလာခံကို နေပြည်တော်ရှိ MICC II တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးကို ယမန်နေ့ ဇွန်လ(၁၂) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံကို တိုင်းချစ်ပြည်ချစ်စိတ် ရှိသော လူငယ်များ ပေါ်ထွန်းလာ‌စေရန်၊ အရည်အသွေးပြည့်ဝသည့် ပညာတတ်များ မွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကို အားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ/ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ ဖြိုးတိုးတက်စေကာ အရည်အသွေး အာမခံမှုရှိသည့် ပညာရေးစနစ်ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

ယခုနှစ်ညီလာခံတွင် ကဏ္ဍ(၆)ခုအတွက် စာတမ်း(၃၆)စောင်ဖတ်ကြားသွားမှာဖြစ်ကာ စာတမ်းအရေအတွက်ထက် ရလဒ်ကောင်းရရှိနိုင်ရေး ဦးတည်ရန်လည်း နစက ဒုဥက္ကဋ္ဌက တိုက်တွန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here