မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် စင်ကာပူ နိုင်ငံအခြေစိုက် ReCAAP အဖွဲ့တို့ သက်ဆိုင်ရာ တပ်ဖွဲ့များသို့ စွမ်းဆောင်ရည် တိုးမြှင့်ခြင်းဆိုင်ရာ သင်တန်းပေးရေး ကိစ္စရပ်များ ဆွေးနွေး

0
231

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် စင်ကာပူနိုင်ငံအခြေစိုက် ReCAAP အဖွဲ့တို့အကြား သက်ဆိုင်ရာ တပ်ဖွဲ့များသို့ စွမ်းဆောင်ရည် တိုးမြှင့်ခြင်းဆိုင်ရာ သင်တန်းပေးရေး ကိစ္စရပ်များအား စင်ကာပူမြို့ရှိ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံနှင့် ReCAAP အမှုဆောင် ဒါရိုက်တာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

စင်ကာပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဇော်ဇော်စိုးသည် Regional Cooperation Agreement on Combating Piracy and Armed Robbery against Ships in Asia (ReCAAP) ၏ အမှုဆောင်ဒါရိုက်တာနှင့် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း Mr. Krishnaswamy Natarajan နှင့် အဖွဲ့အား ဇွန်(၁၂)ရက်က မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့နှင့် စင်ကာပူနိုင်ငံအခြေစိုက် ReCAAP အဖွဲ့တို့အကြား သတင်းအချက်အလက်များ မျှဝေခြင်း၊ သက်ဆိုင်ရာတပ်ဖွဲ့များသို့ စွမ်းဆောင်ရည် တိုးမြှင့်ခြင်းဆိုင်ရာ သင်တန်းပေးခြင်းစသည်ဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားနိုင်မည့် ReCAAP ဘက်မှ အဆိုပြု အစီအစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ReCAAP အဖွဲ့မှာ ဒေသတွင်း အစိုးရချင်း သဘောတူညီချက်ရှိသည့်အတိုင်း အာရှဒေသအတွင်း ပင်လယ်ရေကြောင်း ဓ-ါးပြတိုက်မှုနှင့် လုယက်မှုများအပေါ် တားဆီးကာကွယ်ရန် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ဒေသတွင်းနိုင်ငံ (၂၁) နိုင်ငံတို့တွင် သတင်း အချက်အလက်မျှဝေရေး၊ စွမ်းဆောင်ရည်တိုးမြှင့်ရေးနှင့် သဘောတူညီချက်အတိုင်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (၃) ရပ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here