ရုရှား-မြန်မာပူးပေါင်းပြီး နှစ်နိုင်ငံ ကင်ဆာရောဂါ ကုသနိုင်ရေး ဆောင်ရွက်မည်

0
197

ရုရှား-မြန်မာပူးပေါင်း၍ နှစ်နိုင်ငံ ကင်ဆာရောဂါကုသနိုင်ရေးများကို ဆောင်ရွက်ရန် စီစဉ်နေပြီး အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေး ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသည့် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ကင်ဆာဆေးဝါးများကို မြန်မာသို့ တင်သွင်းဖြန့်ချိ ထုတ်လုပ်နိုင်ရေးနှင့် ရုရှား – မြန်မာ ပူးပေါင်းပြီး ကင်ဆာရောဂါကုသနိုင်ရေးများကို နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနများမှ ကျန်းမာရေးဝန်ကြီးများက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာ – ရုရှား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်ရေးဆွဲနိုင်ရေး ကိစ္စရပ်များ၊ မိခင်နှင့် က-လေ-းကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ သင်ကြားရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထုတ်လုပ်သည့် ကင်ဆာရောဂါ ကုသမှုနှင့် အခြားရောဂါများ ကုသမှုဆိုင်ရာ ခေတ်မီဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်သွင်း၊ ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ ‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့် ကင်ဆာရောဂါကုသမှု ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ ဆေးဘက် ဆိုင်ရာပညာရှင်များ အပြန်အလှန် အတွေ့ အကြုံဖလှယ်ရေးနှင့် ဆေးဘက်ဆိုင်ရာညီလာခံ၊ သင်တန်းများ၊ အစည်းအဝေးများသို့ ဖိတ်ကြားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here