ကျိုက်ထိုနှင့် ဘီးလင်းအကြားရှိ ရွှေသံလွင် တိုးဂိတ်အနီး ယာဉ်တိုက်မှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူများ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေ

0
105

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့အကြားရှိ ရွှေသံလွင်တိုးဂိတ်အနီးယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ပြီး (၅) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ရာ ယင်းအနက် (၄)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယမန်နေ့ ဇွန် (၁၂)ရက် ညနေ(၃)နာရီခွဲအချိန်တွင် ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမပေါ်ရှိ ကျိုက်ထိုနှင့် ဘီးလင်းအကြား ရွှေသံလွင်တိုးဂိတ်အနီး တိုက်မိခဲ့ခြင်းဖြစ်ကာယာဉ်တိုက်မှုကြောင့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦး ပြင်းထန် ဒဏ်များရရှိခဲ့ခြင်းဖြစ်သည်။

” တိုက်တာက ပိန္နဲသီးတင်တဲ့ ကားနဲ့ ခရီးသွားလိုက်ထရပ်ကား တိုက်ကြတာ။ ပိန္နဲသီးတင်တဲ့ ကားပေါ်က သုံးဦးနဲ့ ခရီးသည်တင်ကားက နှစ်ဦး ဒဏ်ရာပြင်းတယ်။ မနေ့က ကျိုက်ထိုဆေးရုံကို တင်တယ်။ အခြေအနေစိုးရိမ်ရလို့ သထုံ ဆေးရုံကြီးကို ဒီနေ့ (ဇွန် ၁၃ရက်) လွှဲပေးလိုက်ရပြီ။ တစ်ဦးကတော့ သက်သာတယ်၊ ကျန်တဲ့လေးဦးက စိုးရိမ်ရတဲ့အခြေအနေပါ”ဟု ၎င်း က ပြောသည်။

အဆိုပါ လူနာများအား ယနေ့ဇွန်(၁၃)ရက် နံနက်ပိုင်းအချိန်တွင် ဒေသတွင်း မိုးကောင်းလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပဒုမ္မာလူမှုကယ်ဆယ်ရေးအဖွဲတို့က ကျိုက်ထိုဆေးရုံမှတဆင့် သထုံဆေးရုံကြီးသို့ အရေးပေါ်လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here