ထိပ်တန်းတပ်မှူးတစ်ဦး ‌ေ-သဆုံးခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည် အစင်း ၂၀၀ ကျော်ဖြင့် တိုက်ခိုက်

0
264
Fires burn the vegetation after rockets launched from southern Lebanon landed on the outskirts of Safed, in Israel's upper Galilee, on June 12, 2024. - Lebanon's Hezbollah, a Hamas ally, and Israel have been trading near-daily fire since the Gaza war was trigged by the Palestinian militant group's October 7 attack on southern Israel. (Photo by Jalaa MAREY / AFP)

ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည် အစုအပြုံလိုက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အကြီးဆုံး ဒုံးပစ်လွှတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အင်္ဂါနေ့ညနေပိုင်းက လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့မှုမှာ ထိပ်တန်း ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦး ‌ေ-သဆုံးခဲ့ခြင်းကို လက်တုန့်ပြန်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဒုံးကျည် အစင်း ၂၀၀ ကျော် ပစ်လွှတ်တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား စစ်ရေးထိပ်တိုက်တွေ့နိုင်ခြေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ဖွယ်ဖြစ်လာကာ စစ်ပွဲအတွက် ပြင်ဆင်ထားပြီဖြစ်ကြောင်းလည်း နှစ်ဖက်စလုံးက ပြောဆိုခဲ့ကြပါတယ်။

၎င်းတို့ရဲ့ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာတပ်မှူး တာလက်ဘ် အဗ္ဗဒူလာနဲ့ အခြား တိုက်ခိုက်ရေးသမားသုံးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ အစ္စရေးစစ်တပ်က အတည်ပြု ပြောဆိုပါတယ်။

ဒါ့အပြင် လက်ဘနွန်ဘက်ကနေ ဒုံးကျည် အနည်းဆုံး ၂၁၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံမြောက်ပိုင်းဒေသမှာ နေထိုင်သူတွေအတွက သတိပေးဥသြသံတွေ ထုတ်လွှင့်ပေးခဲ့ရတယ်လို့လည်း ပြောဆိုပါတယ်။ ယင်းဒုံးကျည်တွေထဲက အများအပြားကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပေမယ့် မြေပြင်ကျရောက်ခဲ့တဲ့ ဒုံးများစွာလည်းရှိခဲ့ပြီး မီးလောင်မှုတွေဖြစ်ပွားခဲ့ကာ လူထိခိုက်‌ေ-သဆုံးမှုတော့ မရှိခဲ့ဘူးလို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

အီရန်နဲ့ ဆက်နွယ်မှုရှိတဲ့ လက်ဘနွန်အခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာက Jouaiyya မြို့မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အဗ္ဗဒူလာ ‌ေ-သဆုံးခဲ့ကြောင်းကို ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဟက်ဂျ် အဘူတာလက်ဘ်လို့ သိကြတဲ့ အဗ္ဗဒူလာဟာ Litani မြစ်နဲ့ အစ္စရေးနယ်စပ်အကြား ရှေ့တန်းစစ်မျက်နှာရဲ့ အနောက်ဘက်ခြမ်းကို တာဝန်ယူရတဲ့ ဟစ်ဇ်ဘိုလာတပ်မှူးဖြစ်တယ်လို့ သိရပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here