ဂါဇာမှ လူအများအပြား အငတ်ဘေးနှင့်ရင်ဆိုင်နေရ–WHO

0
310
Humanitarian aid dropped on Khan Yunis falls near tents sheltering Palestinians displaced by conflict in the southern Gaza Strip on June 4, 2024 amid the ongoing conflict in the Palestinian territory between Israel and Hamas. (Photo by Eyad BABA / AFP)

ဂျီနီဗာ၊ဇွန် ၁၃

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ဂါဇာကမ်းမြောင်ဒေသရှိ လူအများအပြားသည် ငတ်မွတ်ခေါင်းပါးမှု နှင့် ကြုံတွေ့နေရကြောင်း ဇွန်လ ၁၂ ရက်‌နေ့ကပြောကြားခဲ့သည်။

ဂါဇာသို့ အစားအစာပေးပို့ထောက်ပံ့မှု တိုးလာကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အမှန်တကယ်လိုအပ်နေသူများသည် လုံလောက်သည့်ပမာဏကိုရရှိထားသည်ကို သိသိသာသာမတွေ့ရကြောင်း၎င်းကဆိုသည်။

အာဟာရချို့တဲ့မှုကို ပြင်းထန်စွာခံစားနေရသည့် က-လေ-းငယ် ၁,၆၀၀ အပါအဝင် အသက်ငါးနှစ်အောက် က-လေ-း ၈,၀၀၀ ကျော်သည် အာဟာရချို့တဲ့မှုဖြင့် ဆေးကုသမှုခံယူခဲ့ကြရကြောင်းလည်းဆက်လက်ပြောကြားခဲ့သည်။

အခြေအနေဆိုးရွားနေသော်လည်း လုံခြုံမှုမရှိခြင်းနှင့် အကူအညီပေးရေးအဖွဲ့များက ဝင်ခွင့်မရခြင်းတို့ကြောင့် အာဟာရချို့တဲ့ နေသော လူနာများအတွက် ကုသရေးဌာန နှစ်ခုဖြင့်သာ လည်ပတ်နေရသည်ဟုလည်းဆိုသည်။

ဂါဇာကမ်း‌မြောင်၌ သန့်ရှင်းသောရေ မရရှိမှု နှင့်မိလ္လာမသန့်ရှင်းမှု နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးဝန်ဆောင်မှုများကို ဘေးကင်းစွာ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိမှုတို့ကြောင့် အာဟာရချို့တဲ့သောက-လေ-းများအတွက် အန္တရာယ်သိသိသာသာတိုးလာစေသည်ဟုလည်း၎င်းကပြောကြားခဲ့သည်။

အစ္စရေး – ဟားမတ်စ်အရေးသည် ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏တိုက်ခိုက်မှုအပြီး အစ္စရေးဘက်မှ လူပေါင်း ၁,၂၀၀ ခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၅၀ ခန့်ကို ‌ေ-သနတ်သမားများက ဓ-ါးစာခံအဖြစ်ခေါ်ဆောင်သွားခဲ့ရာမှစတင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါလုပ်ရပ်အပေါ် အစ္စရေး၏တုန့်ပြန်မှုသည် ပါလက်စတိုင်း ၃၇,၀၀၀ ကျော် ‌ေ-သဆုံးစေခဲ့ပြီး ဂါဇာ၏လူဦးရေ ၂ ဒသမ ၃ သန်းအနက် အများစုကို အိုးအိမ်မဲ့ဖြစ်စေခဲ့ကာ ငတ်မွတ်မှုနှင့်ပျက်စီးမှုများဖြစ်ပေါ်စေခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here