ဖားကန့် မှော်စီစာတွင် မြေပြိ-ုကျမှု တစ်ဦး‌ေ-သဆုံး၊ သုံးဦးထိခိုက်ဒဏ်ရာရရှိ

0
116

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ‌ကျေးရွာ သာယာကုန်းတွင် ကမ်းပါးပြိ-ုကျမှုကြောင့် ကျောက်စိမ်း လက်ယက်ကျင်းတူးသူ အမျိုးသားတစ်ဦး‌ေ-သဆုံးခဲ့ပြီး ၊ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။

ယနေ့ ဇွန်(၁၃)ရက် နံနက် (၉)နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမ်းပါးပြိ-ုကျမှုကြောင့် ထိခိုက်‌ေ-သဆုံးမှုရှိခဲ့သလို လူနေအိမ်တစ်လုံးမှာလည်း ပြိ-ုကျလုနီးပါးဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကျင်းသားအချို့ လက်ယက်ကျင်းတူးရင်း မြေပြိ-ုကျတာ။ လက်ရှိမှာတော့ ‌ေ-သဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့အမည်၊ အသက်နဲ့ နေရပ်လိပ်စာတွေကို စုံစမ်းနေဆဲပါ “ဟု ၎င်းက ရှင်းသည်။

မိုးရာသီကာလ ရောက်ရှိလာပြီဖြင့်သဖြင့် ကုမ္ပဏီလုပ်ကွက်များ ခတ္တရပ်ဆိုင်းချိန် ‌ေ-သဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရသူ အမျိုးသားလေးဦးမှာ သာယာကုန်းကမ်းပါး၌ တစ်ပိုင်တနိုင်လက်ယက်ကျင်းတူးရာမှ မြေပြိ-ုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့မှာ ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ‌ေ-သဆုံးသူ အမျိုးသားအား ဖားကန့်ဆေးရုံ ရင်ခွဲရုံသို့‌ပို့ဆောင်ထားပြီး ကျန် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကိုလည်း ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသလျှက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း မြေစာပြိ-ုကျမှု၊ နွံကန်ပေါက်ကျမှုနှင့် စွန့်ပစ်မြေစာပုံပြိ-ုကျရာမှတဆင့် ကျောက်ခဲထိမှန်‌ေ-သဆုံးခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီးယခုနှစ်အတွင်း နွံ့ကန်ပေါက်ကျမှုကြောင့် လူဆယ်နှင့်ချီ‌ေ-သဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here