မန္တလေးကဓ-ါးရေးကြွယ်နေတဲ့ ဖုန်းဆိုင် ဓ-ားပြတိုက်သူများကို ဖမ်းမိ

0
265

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ (၆၉) လမ်းနှင့် (၃၈) လမ်းထောင့်ရှိ Paradise အာမခံ ဖုန်းရောင်းဝယ်ရေးဆိုင်ကို ဓ-ားပြတိုက်လုယက်ခဲ့သူများကို ဖမ်းမိပြီဖြစ်ကြောင်း အဆိုပါ ဖုန်းဆိုင်မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်အရ သိရသည်။

“ဓ-ားပြတွေတော့မိပါပြီ၊ ဖုန်းတွေတော့ ပြန်မရသေးပါဘူး” ဟု အခင်းဖြစ်ဖုန်းဆိုင်မှ တာဝန်ရှိသူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယမန်နေ့( ဇွန်၁၂) ညနေ (၆) နာရီဝန်းကျင်က ဓ-ားပြတိုက်သူ အမျိုးသားနှစ်ဦးသည် ဓ-ားရှည်များဖြင့် ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ ဓ-ားပြတိုက်သွားခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း တန်ဖိုးကြီးဖုန်းများအပါအဝင် ဖုန်း (၁၆)လုံးခန့်ပါရှိသွားကြောင်း ထိုဖုန်းဆိုင်ပိုင်ရှင်က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။

ယခုရက်သတ္တပတ်အတွင်း မန္တလေးမြို့၌ လုယက်မှု၊ ဓ-ားပြတိုက်မှုများ အဖြစ်များနေကာ မေ (၃၁) ကလည်း ဆယ်သန်းရွှေဆိုင် ဓ-ားပြတိုက်ခံရပြီး ရွှေနှစ်ပိဿာခန့် လုယူခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here