ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ်မှ သံရုံးအကြီးအကဲများအား လက်ခံတွေ့ဆုံသည့် အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်

0
343

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် H.E. Mr. Tran Thanh Man မှ ဟနွိုင်းမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် တီမောလက်စ်တေသံရုံးတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအားတွေ့ ဆုံခဲ့သည်။

ယနေ့ ဇွန် (၁၃) ရက်တွင် အမျိုးသားလွှတ်တော် အဆောက်အဦ၌ လက်ခံတွေ့ဆုံခဲ့ရာ ဟနွိုင်းမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးကိုကိုလည်း တက်ရောက်ခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ် H.E. Mr. Tran Thanh Man မှ အာဆီယံနိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအား လက်ခံရရှိပါကြောင်း ဦးစွာပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် ဗီယက်နမ်လွှတ်တော်နှင့် အာဆီယံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သံရုံးအကြီးအကဲများကလည်း H.E. Mr. Tran Thanh Man အား လွှတ်‌တော်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရမှုအတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here