ပုလောမြို့‌နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာနှစ်ရွာရှိ နေအိမ်‌(၂၀၀)ကျော်မှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရ

0
147

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ယခုလ ဇွန်(၁၀)ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ယင်းမြို့နယ်အတွင်းရှိ လေးမိုင်နှင့် စပူပြင်ကျေးရွာရှိ နေအိမ် (၂၀၀)ကျော်မှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“ပစ်တာက မနက်အစောကြီး လေးနာရီလောက်ရှိမယ်။ ဒေသခံတွေလည်း အချိန်ကိုစောင့်ကြည့်မနေနိုင်ဘူး။ ပြေးကြရတယ်။ တချို့ကတော့ မိုးလင်းမှ ပြေးလာကြတာ။ လူဘယ်လောက်ရှိလည်းဆိုတာတော့ စာရင်းမသိပေမယ့် အဲဒီရွာနှစ်ရွာပေါင်းရင် အိမ်ခြေနှစ်ရာကျော်မယ်။ လောလောဆယ်တော့ တိုက်ပွဲလွတ်တဲ့ အနီးအနားရွာတွေမှာ ခဏနေ နေကြတာပေါ့။” ဟု ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်‌သူ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များမှာ ကျေးရွာများသို့ ပြန်လည်ဝင်နေထိုင်ခြင်းမျိုးမရှိသေးဘဲ ၊ တိုက်ပွဲအခြေအနေအား စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ဆိုသည်။

ယခုလ ဇွန် (၇) ရက်၊ နံနက်ပိုင်းအချိန်ကလည်း မြိတ် – ထား ဝယ်ကားလမ်းမပေါ်ရှိ ပုလောမြို့နယ်၊ ခုနှစ်မိုင်ရွာအနီး ထိတွေ့ပစ်ခတ်မှု့အချို့ရှိခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပုလောမြို့နယ်တစ်ခုတည်းတွင်ပင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဒေသခံ( ၁၃,၀၀၀ )ကျော်ရှိကြောင်း ဒေသတွ င်း စစ်ရှောင်အ‌ရေး စစ်တမ်းကောက်ယူနေသည့် FE5 Tanintharyi ၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here