ရခိုင်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကျော်ကိုကို အသင်းနှင့်စာချုပ်ဖျက်သိမ်းပြီး နှုတ်ထွက်

0
620

ရခိုင်ယူနိုက်တက်အသင်း တိုက်စစ်မှူးကျော်ကိုကိုသည် အသင်းနှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းကာ နှုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်အသင်းမှ နှုတ်ထွက်ခဲ့ပြီဖြစ်သည့် ကျော်ကိုကိုအား အသင်း၌ ကစားနေစဉ်အတွင်း စွမ်းဆောင်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် အနာဂါတ်တွင် အောင်မြင်မှုများ ရရှိနိုင်ပါစေဟု အသင်းက နှုတ်ဆက်ဆန္ဒပြုစကား ဆိုထားသည်။

ကျော်ကိုကိုသည် ယခုနှစ် MNL League Cup ဘောလုံးပြိုင်ပွဲ၌ ရခိုင်အသင်းအတွက် ကစားပေးခဲ့ပြီး (၉) ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသူ တစ်ဦးဖြစ်သည်။

လက်ရှိတွင် ၎င်းအနေဖြင့် ရခိုင်ယူနိုက်တက်အသင်းမှတဆင့် ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားသွားမည်ဖြစ်ပြီး အသင်းသစ် ရှမ်းယူနိုက်တက်နှင့် လေ့ကျင်ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

MNL League Cup ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယခုလ ဇွန် (၁၉) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်သို့ ထိပ်တိုက်တွေ့ဆုံကြရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here