ရုရှားစစ်သင်္ဘောများ ကျူးဘားသို့ လာရောက်လည်ပတ်စဉ် အမေရိကန်က ရေငုပ်သင်္ဘော တစ်စင်းစေလွှတ်

0
184

ရုရှားရေတပ်မှ စစ်သင်္ဘောများ ကျူးဘားသို့ အလည်အပတ်ရောက်ရှိနေချိန်တွင် အမေရိကန်သည် အမြန်တိုက်ခိုက်ရေးရေငုပ်သင်္ဘော USS Helena အား ဂွာတာနာမိုပင်လယ်အော်သို့ စေလွှတ်ခဲ့သည်။

အမေရိကန်ရေငုပ်သင်္ဘော၏ခရီးစဉ်သည် ကျူးဘားပင်လယ်အော်အတွင်း ပုံမှန်အတိုင်း ဆိပ်ကမ်းလှည့်လည်မှု၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

သို့သော် ကာရေဘီယံတွင် ရုရှားစစ်သင်္ဘောများ စုရုံးလာခြင်းကြောင့် အမေရိကန်က “အင်အားပြခြင်း” ဟူ၍ AP(Associated Press)သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အခြားအမေရိကန်သင်္ဘောများကလည်း ရုရှားစစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်နေကြသည်ဟုလည်း AP သတင်းတွင် ဖော်ပြထားသည်။

ရုရှားရေတပ်သင်္ဘောများသည် တိကျသောလက်နက်များအသုံးပြုရန် အစမ်းလေ့ကျင့်မှု ပြီးဆုံးကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ကျူးဘားသို့ ရောက်ရှိနေသော ရုရှား စစ်သင်္ဘောအုပ်စုတွင် ဖရီးဂိတ်သင်္ဘော Admiral Gorshkov၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော Kazan၊ Akademik Pashin အလတ်စား လောင်စာဆီတင်သင်္ဘောနှင့် ကယ်ဆယ်ရေး တွန်းသင်္ဘော Nikolay Chikerတို့ ပါဝင်သည်။

ကျူးဘား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားသင်္ဘောများတွင် နျူလက်နက်များ သယ်ဆောင်ထားခြင်း မရှိသောကြောင့် ဒေသတွင်းကို ခြိမ်းခြောက်မှု မဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here