မြန်မာ U -20 Week(3) ဒုတိယနေ့ပွဲစဉ်တွင် ဂိုးပြတ်များဖြင့် အနိုင်ရရှိခဲ့သည့် အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း

0
353

ယနေ့ ဇွန်(၁၄)ရက် ညနေ (၃)နာရီခွဲအချိန်တွင် မြန်မာ U-20 Week(3) ဒုတိယနေ့ ပွဲစဉ်အဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့မှ ပြိုင်ဘက်အသင်းများကို ဂိုးပြတ်များသွင်းယူကာ အနိုင်ရရှိခဲ့ကြသည်။

ယနေ့တွင် ရန်ကုန်မြို့ ပဒုမ္မာကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သစ္စာအားမာန်အသင်း၏ ခံစစ်ပိုင်းအားနည်းမှုကို အသုံးချ၍ အား/ကာသိပ္ပံအသင်းက (၄)ဂိုးသွင်းယူကာ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။

အလားတူ တစ်ဘက် တောင်ဒဂုံကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်မှုတွင် ဒဂုံစတား ယူနိုက်အသင်းက (၂) ဂိုး သွင်းယူကာ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

MNL U-20 Youth League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ပြိုင်ပွဲဝင် (၁၃)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။

အဆိုပါ U-20 ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်နေကြခြင်းလည်း ဖြစ်သည်။

ပုံစာ – (၄)ဂိုးပြတ်သွင်းယူနိုင်ခဲ့သည့် အား/ကာသိပ္ပံအသင်းနှင့် ပြိုင်ဘက် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားနေသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here