တက္ကသိုလ်ဝင်တန်း စာမေးပွဲကျသူများ Pre–College တက်၍ မွန်အမျိုးသားကောလိပ်တွင် ဆက်လက်ပညာသင်ကြားနိုင်

0
125

၂၀၂၃ -၂၀၂၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျရှုံးသူများ Pre–College (ကောလိပ်ဝင်တန်း)တက်ရောက်၍ မွန်အမျိုးသားကောလိပ်တွင် ဆက်လက်ပညာသင်ကြားနိုင်ကြောင်း မွန်အမျိုးသားပညာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ Pre–College အား မွန်အမျိုးသားအထက်တန်းကျောင်းမှသော် လည်းကောင်း၊ အစိုးရ အခြေခံပညာအထက်ကျောင်းမှသော်လည်းကောင်း စာမေးပွဲကျရှုံးသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

တက်ရောက်လိုသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ဝင်ခွင့်စာမေးပွဲဖြေဆိုစရာ မလိုဘဲ၊ အင်္ဂလိပ်စာ အရည်ချင်းစစ် စာမေးပွဲကိုသာ ဖြေဆိုရမည်ဖြစ်‌ကာ အောင်မြင်သူများ Pre-Collage တစ်နှစ်တက်ရောက်ကာ မွန်အမျိုးသားကောလိပ်တွင် ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။

ကောလိပ်ပြီးဆုံးပါက နိုင်ငံတကာကျောင်းများအထိ ဆက်လက်ပညာသင်နိုင်မည်ဖြစ်ကာ၊ Pre-College တက်ရောက်လိုသူများ မွန်အမျိုးသားပညာရေးကော်မတီ(သို့မဟုတ်)မွန်အမျိုးသားကောလိပ်သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်နယ်၊ ရေးချောင်းဖျားရှိ ညီစားကျေးရွာတွင် ၂၀၂၂ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here