ဧည့်မထဆန် တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် အောက်တိုဘာလအထိ ရောင်းချပေးမည်

0
260

စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ အလုပ်သမားမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများသို့ ဧည့်မထဆန် တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ရောင်းချပေးနေခြင်းကို အောက်တိုဘာလကုန်ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆိုင် (၅၈) ဆိုင်မှ တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ဧည့်မထဆန် များကို မေလ (၃၁) ရက်တွင် စတင်ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့ပြင် သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချပေးလျှက်ရှိသဖြင့် လိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း ထပ်မံအသိပေးထားသည်။

ဈေးကွက်အတွင်း ဆန်ဈေးနှုန်းမြင့်တက်ချိန်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် တစ်လလျှင် ဆန်အိတ် ၁၀,၀၀၀ ဝန်းကျင် ရောင်းချပေးနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တို့တွင် ဆန်တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ပြင်ပလက်လီဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းထူးထူးရှယ် တစ်ပြည် ကျပ် (၈၀၀၀) ခန့်၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ် တစ်ပြည် (၆၇၀၀) ကျပ်နှင့် ငစိန်ဆန်ကြမ်း တစ်ပြည် (၃၂၀၀)ကျပ် အထိ မြင့်တက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here