သင်္ဃန်းကျွန်းနှင့် သန်လျင်မြို့နယ်တို့တွင် အမျိုးသား (၃) ဦးထံမှ ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ ဖမ်းဆီးရမိ

0
201

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် အမျိုးသား (၃) ဦးထံမှ ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထု တ်ပြန်ချက်အရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ဇွန်(၁၁)ရက်၊ နေ့လယ် (၃)နာရီခွဲအချိန်က  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အ တူ အောင်သိန်းဝင်း(ခ)ကိုအောင် မောင်းနှင်ပြီး အောင်ပြည့် (ခ)အောင်လေး နှင့် တင်ဝင်းအောင်တို့ လိုက်ပါလာသည့် TOYOTA HILUX SURF အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေး ပြား ၂၀၀၀၀၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀၀နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ည(၇)နာရီအချိန် အောင်သိန်းဝင်း(ခ)ကိုအောင် ငှားရမ်းနေထိုင်သည့် သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား၊ ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀၀ အား ထပ်မံတွေ့ရှိ သိမ်းဆ ည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ အောင်သိန်းဝင်း(ခ)ကိုအောင်(၅၄)နှစ်၊ အောင်ပြည့် (ခ)အောင်လေး(၃၄)နှစ် နှင့် တင်ဝင်းအောင်(၃၇)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here