ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့်ခွာ နေရသည့် က-လေ-းများကျောင်းအပ်ရာတွင် အဆင်ပြေစေရန် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေ

0
203

ပြည်တွင်း ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်‌ပြေးနေရသည့် က-လေ-းများ ကျောင်းအပ်ရာတွင် အဆင်ပြေစေရန်အတွက် ပညာရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးတို့ အွန်လိုင်းမှတွေ့ဆုံစဉ် ထိုကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ် သည်။

ထို့ပြင် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး အားလုံးလက်တွဲဆောင်ရွက်ပေးကြရန်လည်း ပညာရေးဝန်ကြီးက ဆိုသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြား၊ သင်ယူနေကြခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်မျိုးဆက်သစ်များကို ပြုစုပျိုးထော င်ပေးနေခြင်းပင်ဖြစ်ကာ ကျောင်းများတွင်ရှိသည့် သုတေသနစက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ စာရင်းနှင့် ထပ်မံလိုအပ်သည့် ပစ္စည်းစာရင်းများ စနစ်တကျတင်ပြရန် လိုကြောင်း၊ သုတေသနပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျသုံးစွဲဆောင်ရွက်ကြစေလိုပါကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် e-government အောင်မြင်စွာအကောင်အထည် ဖော်တည်ဆောက်နိုင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ Project Based Learning အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်လည်း ထိုအစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here