အီဂျစ်ရောက် မြန်မာနိုင်ငံသားများ နေထိုင်ခွင့် (Stay Permit)များ အချိန်မီ လုပ်ဆောင်ထားကြရန် သံရုံးသတိပေး

0
110

အီဂျစ်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် နေထိုင်ခွင့်နှင့်ပတ်သက်၍ သတ်မှတ်ကာလကျော်လျှင် အရေးယူခံရမည်ဖြစ်၍ နေထိုင်ခွင့် (Stay Permit)များ အချိန်မီ လုပ်ဆောင်ထားကြရန် အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတိပေး တိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများအနေဖြင့် နေထိုင်စဉ် ကာလအတွင်း သက်တမ်းရှိသည့် နေထိုင်ခွင့် (Stay Permit) များ လျှောက်ထားရန် အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားများဌာန (General Authority of Passport, Immigration and Nationality)မှ ၂၀၂၄ ခု ၊ ဇန်နဝါရီလက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုအခါ အီဂျစ်နိုင်ငံရောက် နိုင်ငံခြားသားများအား နေထိုင်ခွင့်ကဒ် (Resident Card) ကို ၂၀၂၄ ခုနှစ် ဇွန်လ (၃၀) ရက် နောက်ဆုံးထား၍ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားများဌာနထံတွင် လျှောက်ထားကြရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေး အကြောင်းကြားလာသည်ဟု ဖော်ပြပါရှိသည်။

ထို့ကြောင့် အီဂျစ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနက် အီဂျစ်နိုင်ငံတွင် နေထိုင်ခွင့်ကတ် မရှိသေးသူ(သို့) သက်တမ်းကုန်ဆုံးသူများအနေဖြင့် နေထိုင်ခွင့်ကတ်များကို ၂၀၂၄ ခုနှစ် ဇွန်လ (၃၀) ရက်၊ နောက်ဆုံးထား လျှောက်ထားရန် လိုအပ်မည် ဖြစ်ကြောင်း သံရုံးမှ ထုတ်ပြန် အသိပေးထားသည်။

ထိုသို့မလျှောက်ထားပါက ၂၀၂၄ ခုနှစ် စက်တင်ဘာ (၃၀) ရက် နောက်ပိုင်းမှစတင်၍ အီဂျစ် အစိုးရက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး အီဂျစ်နိုင်ငံတွင် ပညာသင်ကြားနေသူများအနေဖြင့် ပြည်နေထိုင်ခွင့်ကတ်အပြင် သက်ဆိုင်ရာ ကျောင်း/တက္ကသိုလ်များမှ ထုတ်ပေးထားသည့် ကျောင်းသားကတ်ပါ တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ကြည်ဖြူစွာခံယူခြင်းဖြင့် ကူညီပေးနိုင်ရေးသက်ဆိုင်ရာ နိုင်ငံသားများသို့ အသိပေးထားရှိပေးပါရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြောင်းကြားလာသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here