စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်မည်

0
153

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်မည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် အစိုးရ အဖွဲ့ဝင်များက စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ အလှူတော်ငွေကျပ် သိန်း (၅၀၀) ကျပ်ပေးအပ်လှူဒါန်းသည်။

ဆွမ်းဦးပုညရှင် စေတီလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေဆက်ကပ်ခြင်း အခမ်းအနားကို ဇွန်လ (၁၄) ရက်၊ နံနက်ပိုင်းက ပုညရှင်စေတီတော် သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။

အခမ်းအနားတွင် သီတဂူဆရာတော်ကြီးထံမှ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ငါးပါး သီလခံယူဆောက်တည်ကြပြီးဆွမ်းဦးပုညရှင်စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဩဝါဒါခံယူပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းနိုင်ရေးကိစ္စနှင့် ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီးသီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမော ဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

သီတဂူ ဆရာတော်ကြီးနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here