သင်္ဘောနှစ်စင်း တိုက်မိကာ ရေနံယိုဖိတ်မှုပေါ်ပေါက်ခဲ့တာကြောင့် စင်ကာပူ အပန်းဖြေကျွန်းကမ်းခြေ ဆန်တိုဆာကို ပိတ်လိုက်ရ

0
148

အနီးနားက ဆိပ်ကမ်းတစ်ခုမှာ ဆီယိုဖိတ်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့တာကြောင့် ကမ်းခြေ ဇိမ်ခံအိမ်တွေ တည်ရှိနေတဲ့ စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းအပန်းဖြေကျွန်း ဆန်ဆိုဆာရဲ့ ကမ်းခြေနေရာတွေကို စနေနေ့မှာ ပိတ်လိုက်ရတယ်လို့ ရေကြောင်း အာဏာပိုင်တွေက ပြောဆိုပါတယ်။

နယ်သာလန်နိုင်ငံ အလံလွှင့် ဆွဲသင်္ဘောတစ်စင်းနဲ့ စင်ကာပူနိုင်ငံအလံလွှင့် ရေနံတင် ဘန်ကာသင်္ဘောငယ်တစ်စင်း သောကြာနေ့က Pasir Panjang သင်္ဘောဆိပ်အနီးမှာ တိုက်မိခဲ့တာကြောင့် လောင်စာဆီယိုဖိတ်မှု ပေါ်ပေါက်ခဲ့တယ်လို့ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့(MPA) က ပြောဆိုပါတယ်။

ဆီယိုဖိတ်မှုကြောင့် ကမ်းခြေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ရာ ကျွန်းပေါ်က နာမည်ကြီးကမ်းခြေသုံးခုရဲ့ ရေပြင်တွေကို လက်ရှိမှာ ပိတ်ထားလိုက်တယ်လို့ ကျွန်းအုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ရဲ့ ဝက်ဘ်တိုက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကမ်းခြေမှာ အနက်ရောင် ဆီအကြွင်းအကျန်တွေကို တွေ့မြင်ရတယ်လို့ အခင်းဖြစ်နေရာရှိ AFP သတင်းထောက်တစ်ဦးက ပြောဆိုပါတယ်။ တန်ဂျွန်ပါလာဝမ်၊ ဆီလိုဆို ကမ်းခြေတွေတလျှောက်နဲ့ Pasir Panjang ဆိပ်ကမ်းတွေမှာ လောင်စာဆီကွက်တွေကို တွေ့ရှိနေတယ်လို့ MPA က ပြောဆိုခဲ့ပါတယ်။

ဆန်တိုဆာ ဟာ ကာစီနိုလောင်းကစားရုံတစ်ခု၊ အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော Universal Studios နဲ့ ပြည်ပရောက်သူတွေနဲ့ သူကြွယ်တွေအတွက် ဇိမ်ခံကမ်းနားနေအိမ်တွေတည်ရှိနေတဲ့ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။

ဆီယိုဖိတ်မှု တုန့်ပြန်ရေးရေယာဉ်တစ်စင်း စေလွှတ်ကာ လောင်စာဆီပြန့်ကျဲစေတဲ့ ဆီဖြန်းဆေးတွေ ပက်ဖျန်းခြင်း၊ ရေမျက်နှာပြင်ပေါ်ရှိ ဆီတွေကို လိုက်လံစုပ်ယူခြင်းတွေ လုပ်ဆောင်နေပြီး ယခုဖြစ်စဉ်ကြောင့် ရေကြောင်း သွားလာရေးအပေါ် သက်ရောက်မှုမရှိခဲ့ဘူးလို့ MPA က ပြောဆိုခဲ့ပါတယ်။

Ref: France24


LEAVE A REPLY

Please enter your comment!
Please enter your name here