ရုရှား မပါသော ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးညီလာခံ စတင်ဖွင့်လှစ်

0
294

စစ်ပွဲကို စတင်ခဲ့တဲ့ ရုရှားနိုင်ငံ ပါဝင်ခြင်း မရှိပေမယ့် ယူကရိန်းငြိမ်းချမ်းရေးအတွက် ပထမအဆင့်ခြေလှမ်းတွေကို ပုံဖော်မယ့် ဆွေးနွေးပွဲအတွက် ဆွစ်ဇာလန်ဟာ သီတင်းပတ်ကုန်ပိုင်းမှာ ကမ္ဘာ့ခေါင်းဆောင်အများအပြားကို လက်ခံကြိုဆိုသွားမှာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီး အစိုးရအဖွဲ့က ဆွေးနွေးပွဲမှာ ရုရှားပါဝင်မှာကို မလိုလားသလို ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ကြိုတင်တောင်းဆိုချက်တွေကို သိရှိထားတဲ့ ဆွစ်ဇာလန်ကလည်း ရုရှားကို ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။ သို့ပေမယ့် ရုရှားဟာ တစ်ချိန်ချိန်မှာ ပါဝင်ရမှာဖြစ်တယ်လို့ ဆွစ်ဇာလန်က အခိုင်အမာဆိုခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တစ်နေ့မှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ထားကာ ယူကရိန်းတို့ဘက်ကလည်း ဒီဖြစ်နိုင်ခြေအတွက် စဉ်းစားနေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ကုန်ပိုင်းက ဇလန်းစကီးတင်ပြခဲ့တဲ့ ငြိမ်းချမ်းရေးဖော်မြူလာ ၁၀ ချက်အပေါ် အခြေပြုမယ့် ညီလာခံဟာ ရလဒ်ကြီးကြီးမားမား ထွက်ပေါ်နိုင်ဖွယ်မရှိဘဲ ကိဗ်အနေနဲ့ သူ့ထက် လက်နက်၊ လူအင်အား သာလွန်တဲ့ ရန်သူအပေါ် တွန်းလှန်မယ့် စီမံချက်အင်အားနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို စုစည်းဖို့ရာ ကြီးမားသော သင်္ကေတဆန်သော အားထုတ်မှုအဖြစ် ရှုမြင်ကြပါတယ်။

သို့ပေမယ့် မော်စကိုမပါသော ထိပ်သီးဆွေးနွေးပွဲအတွက် မေးခွန်းထုတ်စရာကတော့ စစ်မက်နှစ်နိုင်ငံ ချောက်ကမ်းပါးမှ ဘယ်ပုံပြန်ဆုတ်နိုင်ကြမလဲ၊ လူရာချီ၊ ထောင်ချီ သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီဖြစ်ကာ ဒေါ်လာ ဘီလီယံရာနဲ့ချီ ကုန်ကျနေပြီဖြစ်တဲ့ စစ်ပွဲတစ်ခုမှာ ‌ေ-သနတ်သံတွေ တိတ်ဆိတ်သွားအောင် ဘယ်ပုံလုပ်ဆောင်နိုင်ကြမှာလဲဆိုတဲ့ အချက်ပါပဲ။

ယင်း ပဋိပက္ခဟာ နျူကလီးယားလက်နက်ပိုင် ရုရှားအပေါ် နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပေါ်ပေါက်စေခဲ့သလို နေတိုးအဖွဲ့နဲ့ မော်စကိုအကြား တင်းမာမှုတွေ မြင့်တက်စေခဲ့တာလည်းဖြစ်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ ရုရှားတပ်တွေက နယ်မြေသိမ်းယူမှု အနည်းအကျဉ်းဖော်ဆောင်လာနိုင်ကာ နယ်မြေချဲ့ထွင်လာနိုင်ပြီး နိုင်ငံရဲ့ လေးပုံတစ်ပုံခန့်ကို ထိန်းချုပ်လာချိန်မှာ ထိပ်သီးညီလာခံ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။

Ref: Bonik Barta.net


LEAVE A REPLY

Please enter your comment!
Please enter your name here