Monday, December 30, 2024

အိန္ဒိယကဂျပန်ကိုကျော်ကာအာရှ၏တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာ

နူးဒေလီ၊ဒီဇင်ဘာ ၃၀ Lowy Institute က ထုတ်ပြန်သော Asia Power Index ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကိုကျော်တက်ကာ အာရှတွင်...

မြန်မာနိုင်ငံရှိ အဓိကတယ်လီကွန်းလိမ်လည်မှုဂိုဏ်းကိုတရုတ်ကတရားစွဲဆို

ဟန်ကျိုး၊ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တယ်လီကွန်းလိမ်လည်မှုဂိုဏ်းအဖွဲ့ဝင် ၃၉ ဦးကို တရုတ်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာလိမ်လည်မှု၊တယ်လီကွန်းလိမ်လည်မှုများဖြင့် တရုတ်နိုင်ငံက ယနေ့တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တရားစွဲဆိုခံရသူများထဲတွင် မောင်မြင်ရှောင့်ဖျင်နှင့်မသီရိမောင်တို့အပါအဝင် သံသယရှိသူများအား လိမ်လည်မှု၊ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ လူများကို...

ဂျပန်ကုမ္ပဏီများ အလုပ်သမားရှားပါး၍ နိုင်ငံခြားဝန်ထမ်းများငှားရမ်းနေရ

တိုကျို၊ဒီဇင်ဘာ ၂၉ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် အလုပ်သမားရှားပါးမှုပြဿနာကိုဖြေရှင်းရန် နိုင်ငံခြားလုပ်သားများကို ငှားရမ်းခဲ့ရကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစိုးရစစ်တမ်းတစ်ရပ်ကို ကိုးကား၍ ကျိုဒိုသတင်းဌာနကဖော်ပြခဲ့သည်။ ယခင်တစ်ပတ်ကထုတ်ပြန်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ...

နိုင်ငံတော်မှအလုံးစုံကျခံဝယ်ယူခဲ့သည့် ကလေ-းငယ်များအတွက် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး(၈)သိန်း doses...

နိုင်ငံတော်မှအလုံးစုံကျခံဝယ်ယူခဲ့သည့် ကလေ-းငယ်များအတွက် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး(၈)သိန်း doses သည် ဒီဇင်ဘာ ၂၇ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ အဆိုပါ ဝယ်ယူထားသော ပြင်းထန်တီဘီရောဂါကာကွယ်ဆေးတစ်ပုလင်းလျှင်...
HomeNewsLocal Newsတနင်္သာရီတိုင်း မြို့နယ်(၄)မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသဖြင့်...

တနင်္သာရီတိုင်း မြို့နယ်(၄)မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသဖြင့် စစ်ရှောင်ပြည်သူ (၆၀,၀၀၀)နီးပါး အထိရှိလာ

တနင်္သာရီတိုင်း၊ သရက်ချောင်း၊ ဘုတ်ပြင်း၊ ပုလောနှင့် တနင်္သာရီမြို့နယ်များအတွင်း ရက်ရှည်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ(၆၀,၀၀၀)နီးပါးအထိ စစ်ဘေးတမ်းရှောင်နေရကြောင်း တနင်္သာရီတိုင်း စစ်ရှောင်အရေး စစ်တမ်းကောက်ယူနေသည့် FE5Tanintharyi အဖွဲ့၏ အသိပေးချက်အရသိရသည်။

ယင်း စစ်ရှောင် အရေအတွက်သည် ပြီးခဲ့သော မေလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများစာရင်းဖြစ်ပြီး မေလတစ်လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်‌ေ-သ ဆုံးသူ အရပ်သား စုစုပေါင်း (၃၂)ဦးရှိခဲ့ကြောင်းလည်း ၎င်းတို့၏ စစ်တမ်း‌တွင်ဖော်ပြထားသည်။

ထို့ပြင် ဒေသတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်ကျရောက်၍ ပျက်ဆီးဆုံးရှုံးရသည့် လူနေအိမ် (၈၇)လုံးအထိ ရှိလာကြောင်းလည်း ဆိုသည်။

တိုက်ပွဲများကြောင့် နေအိမ်မီးလောင် ပျက်စီးမှုအများဆုံးမှာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသည့် သရက်ချောင်းမြို့နယ် သရက်ချောင်းရွာနှင့် ကနက်သီရီရွာတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ တိုက်ပွဲများမှာ ကျေးလက်ဒေသများမှသည် မြို့ပြများအနီးအထိ ကျယ်ပြန့်လာမှုနှင့်အတူ အရေးကြီးသော ကားလမ်းမကြီးများတစ်လျှောက် နယ်မြေစိုးမိုးနိုင်ရေး အပြန်အလှန်လုပ်ဆောင်လာမှုကြောင့် လမ်းပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်လာ နေသည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် ဒေသထွက်ကုန်များ တင်ပို့ရာတွင် အခက်အခဲများရှိနေသလို ဒေသတွင်း စားသောက်ကုန်များ သယ်ယူရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် ဒေသထွက်ကုန်များ တင်ပို့ရခက်ခဲမှုများ၊ ကုန်စည်ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့နေပြီး ၊ ဒေသတွင်း ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် ကုန်စည်များ ရှားပါးလာခြင်း၊ စျေးတက်ခြင်းများလည်း ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယကဂျပန်ကိုကျော်ကာအာရှ၏တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာ

နူးဒေလီ၊ဒီဇင်ဘာ ၃၀ Lowy Institute က ထုတ်ပြန်သော Asia Power Index ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကိုကျော်တက်ကာ အာရှတွင် တတိယအင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဆင့်သတ်မှတ်ချက်တွင် ယခုကဲ့သို့ ပြောင်းလဲတိုးတက်သွားခြင်းက ကမ္ဘာ့ဇာတ်ခုံ၌ အိန္ဒိယ၏ဩဇာလွှမ်းမိုးနိုင်မှုမြင့်လာပြီး ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် အရေးပါသော နိုင်ငံဖြစ်လာပြီး စူပါပါဝါနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ဖို့အတွက်လည်း ခိုင်မာသည့်နေရာတစ်ခုကိုရရှိစေခဲ့သည်။ Asia Power Index သည် ဩစတြေးလျဉာဏ်ကြီးရှင်များအဖွဲ့ကထုတ်ပြန်ကြေငြာသည့် အာရှတစ်ဝန်းရှိနိုင်ငံများ၏ ပါဝါ၊ ဩဇာများကို တိုင်းတာအကဲဖြတ်သည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။ ယင်းသို့တိုင်းတာဆုံးဖြတ်ရာ၌ အဆိုပါနိုင်ငံ၏ စီးပွားရေးအရင်းအမြစ်များ၊စစ်ရေးစွမ်းရည်၊ သံတမန်ရေးအရဩဇာလွှမ်းမိုးမှု၊ယဉ်ကျေးမှုတိုးတက်မှု၊အနာဂတ်အရင်းအမြစ်များအပါအဝင် အခြားစံနှုန်းများအပေါ်မူတည်တိုင်းတာခြင်းလည်းဖြစ်သည်။ ယခုနှစ်တွင် အိန္ဒိယသည် ဂျပန်ကိုကျော်ကာ...

မြန်မာနိုင်ငံရှိ အဓိကတယ်လီကွန်းလိမ်လည်မှုဂိုဏ်းကိုတရုတ်ကတရားစွဲဆို

ဟန်ကျိုး၊ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တယ်လီကွန်းလိမ်လည်မှုဂိုဏ်းအဖွဲ့ဝင် ၃၉ ဦးကို တရုတ်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာလိမ်လည်မှု၊တယ်လီကွန်းလိမ်လည်မှုများဖြင့် တရုတ်နိုင်ငံက ယနေ့တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တရားစွဲဆိုခံရသူများထဲတွင် မောင်မြင်ရှောင့်ဖျင်နှင့်မသီရိမောင်တို့အပါအဝင် သံသယရှိသူများအား လိမ်လည်မှု၊ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ လူများကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားမှု၊ကာစီနိုဖွင့်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ပြည့်တန်ဆာလုပ်ငန်းအတွက် ဖျားယောင်းသွေးဆောင်မှုများဖြင့်စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယခုအမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှီကျန်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဝမ်ကျိုးမြို့ရှိဒေသဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတရားခံများထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦးလည်းပါဝင်သည်ဟုသိရသည်။ ထို့အပြင် ရာဇဝတ်ဂိုဏ်းများနှင့်ဆက်စပ်နေသည့် အခြား ထောင်ချီသောသံသယရှိများကိုလည်း ဝမ်ကျိုးအပါအဝင် တရုတ်နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။ ယင်းသို့စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှင့်ဆက်စပ်နေသည့် တယ်လီကွန်းလိမ်လည်မှုပေါင်း ၁၀,၀၀၀ ကျော် ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါလိမ်လည်မှုများသည်...

ဂျပန်ကုမ္ပဏီများ အလုပ်သမားရှားပါး၍ နိုင်ငံခြားဝန်ထမ်းများငှားရမ်းနေရ

တိုကျို၊ဒီဇင်ဘာ ၂၉ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် အလုပ်သမားရှားပါးမှုပြဿနာကိုဖြေရှင်းရန် နိုင်ငံခြားလုပ်သားများကို ငှားရမ်းခဲ့ရကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစိုးရစစ်တမ်းတစ်ရပ်ကို ကိုးကား၍ ကျိုဒိုသတင်းဌာနကဖော်ပြခဲ့သည်။ ယခင်တစ်ပတ်ကထုတ်ပြန်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ ကုမ္ပဏီများ၏ ၅၆ ဒသမ ၈ ရာခိုင်နှုန်းသည် ပြည်ပဝန်ထမ်းများက ဂျပန်ဝန်ထမ်းများနှင့်တန်းတူသော်လည်းကောင်း၊ပို၍သော်လည်းကောင်း တာဝန်ထမ်းဆောင်နိုင်မည်ဟုယူဆ၍ ခန့်အပ်ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။ ကျန်ကုမ္ပဏီများအနက် ၁၈ ဒသမ ၅ ရာခိုင်နှုန်းကမူ မတူကွဲပြားမှုကို မြှင့်တင်စေလိုခြင်းဖြစ်သဖြင့် ပြည်ပဝန်ထမ်းများခန့်ထားခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ဂျပန်နိုင်ငံရှိ နိုင်ငံခြားအလုပ်သမားများ၏ ၅၁ ဒသမ ၅ ရာခိုင်နှုန်းသည် ၎င်းတို့နိုင်ငံရှိ အေဂျင်စီများ သို့မဟုတ် လူတစ်ဦးချင်းစီမှ အလုပ်အကိုင်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071