ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာဆိုဗိမာန် (Sarso Beikman) (၁၆ဝ၊ x ၁၄ဝ၊) RC (၃) ထပ် အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ပြည်တွင်း/ ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ ပြန်ကြားရေးဝန်ကြီး ဌာနမှ ကြေညာထားသည်။
ယခု ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် စာဆိုဗိမာန် (Sarso Beikman ( ၁၆ဝ၊ x ၁၄ဝ၊ ) RC (၃) ထပ် အဆောက်အဦနှင့်ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၈-A)၊ မြေကွက်အမှတ်(၂၉)၊ မြေဧရိယာ (၂. ၁၈) ဧကပေါ်၌ ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
အဆိုပါ အိတ်ဖွင့် တင်ဒါပုံစံများကို ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်မှ (၁၅) ရက်အထိ နေ့စဉ်နံနက် (၉) နာရီခွဲမှညနေ (၄) နာရီ ရုံးဖွင့်ရက်အတွင်း တစ်စောင်လျှင် (၅ဝ,ဝဝဝိ/-) နှုန်းဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တင်ဒါပုံစံများ လာရောက်ဝယ်ယူရာတွင် ကုမ္ပဏီ၏ မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) လုပ်ငန်းလိုင်စင် မိတ္တူတင်ပြရမည်ဖြစ်ကြောင်း၊ ဈေးနှုန်းအဆိုပြုလွှာမပါသော နည်းပညာဆိုင်ရာ အဆိုပြုလွှာများကို ဇူလိုင် (၁၆) ရက်မှ (၂၃) ရက်အထိ နံနက်(၉)နာရီခွဲမှ ညနေ (၄) နာရီခွဲအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ်(၇) နေပြည်တော်သို့ လာရောက်ပေးသွင်းရန်ဖြစ်ကြောင်း အသိပေးထားသည်။
သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ဝ၆၇-၃၄၁ ၂၂ဝ၃, ၄၁၂၂ဝ၅ သို့ ရုံးအချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။