တရုတ်တောင်ပိုင်းမှာ ရေဘေးတွေ့နေပြီး ကျန်ဒေသတွေမှာတော့ အပူချိန်မြင့်တက်မှုတွေ ကြုံနေရ

0
141

တရုတ်နိုင်ငံတစ်ဝန်း နေရာအများအပြားမှာ အပူချိန်ပြင်းထန်မှုတွေဖြစ်ပေါ်နေတာကြောင့် အမျိုးသားမိုးလေဝသစင်တာက တနင်္ဂနွေနေ့(ဇွန် ၁၆) မှာ အပူချိန် သတိပေးချက်ထုတ်ပြန်ခဲ့ရချိန် နိုင်ငံတောင်ပိုင်း ပြည်နယ်များစွာမှာတော့ မိုသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှု သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

ပြင်းထန်တဲ့ အပူချိန်မြင့်တက်မှုတွေဟာ မြစ်ဝါမြစ်နဲ့ Huaihe မြစ်အကြား ဒေသတွေနဲ့ တရုတ်မြောက်ပိုင်းမှာ လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းကြောင်း စင်တာက ပြောဆိုပါတယ်။ ရှင်ကျန်း၊ အတွင်းမွန်ဂိုလီးယားနဲ့ ဟီနန်ပြည်နယ် အစိတ်အပိုင်းတွေမှာတော့ တနင်္ဂနွေနေ့မှာ အမြင့်ဆုံး အပူချိန် ၃၇ ကနေ ၃၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်တယ်လို့ စင်တာက ခန့်မှန်းခဲ့ပါတယ်။

နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်မှာ ၇ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရွာသွန်းမှုတွေ ဆက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကာ ဒေသတွင်းရှိ မြစ်ကြောင်းအချို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဆည်တမံများစွာမှာ ရေထုတ်လွှတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း တရုတ်အစိုးရပိုင် စီစီတီဗီသတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

ပြင်းထန် ရာသီဥတုဖြစ်စဉ်ကြောင့် နိုင်ငံရဲ့ စပါးနဲ့ ဂျုံ အမြောက်အများထွက်ရှိရာ ဒေသတွေဟာ နွေဦးရာသီနဲ့ နွေကာလ စိုက်ပျိုးရာသီတွေမှာ အနှောင့်အယှက်ကြုံခဲ့တာကြောင့် စားနပ်ရိက္ခာ လုံခြုံမှုအပေါ် စိုးရိမ်မှုတွေမြင့်တက်စေခဲ့တယ်လို့ စီအန်အန် သတင်းတစ်ပုဒ်မှာလည်း ဖော်ပြပါတယ်။

မိုးခေါင်မှုနဲ့ အပူချိန်မြင့်တက်မှုတွေကြောင့် နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ပြည်နယ်အချို့မှာ စိုက်ပျိုးရာသီအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှုရှိခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဋ္ဌာနက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

Ref: Money Control.com


LEAVE A REPLY

Please enter your comment!
Please enter your name here