Thai Fight week(42)ပွဲစဉ် စောအေးစီး ဒိုင်ပေးမှတ်ဖြင့်ရှုံး နိမ့်

0
150

ယနေ့ ဇွန်(၁၆)ရက်၊ ညနေ(၆)နာရီအချိန်တွင် Thai Fight ကပြုလုပ်သည့် Thai Fight week(42)ပွဲစဉ်တွင် ရိုးရာဖိုက်တာစောအေးစီးနှင့် မွေထိုင်းဖိုက်တာ Khunsueklek တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ စောအေးစီးက ပြိုင်ဘက်မွေထိုင်းဖိုက်တာ အား ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယနေ့ ပွဲစဉ်တွင် သုံးချီအပြည့်ထိုးသ-တ်ခဲ့ရပြီး၊ နှစ်ဘက်ကစားသမားများ အလဲထိုးနိုင်ခဲ့ခြင်းမရှိကာ ဒိုင်ပေးမှတ်ဖြင့်သာ ပြီးဆုံးခဲ့ရခြင်းဖြစ်သည်။

ယနေ့ ပွဲစဉ်တွင် တွဲဆိုင်း(၈)ဆိုင်းအနက် အမျိုးသမီးတွဲဆိုင်း (၁)ဆိုင်း ပါဝင်ကာ စောအေးစီးက တွဲဆိုင်း(၄)ဆိုင်းမြောက်တွင် ထိုးသ-တ်ခဲ့ရခြင်းဖြစ်သည်။

ရိုးရာဖိုက်တာ စောအေးစီးသည် ပြီးခဲ့သည့် မေလ (၅)ရက်က ပြုလုပ်ခဲ့သည့် Thai Fight week(37)ပွဲစဉ်တွင် မွေထိုင်းဖိုက်တာ PATCH KIATTISKA ကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိထားသူ တစ်ဦးဖြစ်သည်။

ယနေ့ပွဲစဉ်တွင် ရိုးရာဖိုက်တာ မာန်ရဲကျော်စွာ ပွဲစဉ်လည်း ပါဝင်ခဲ့ပြီး ၎င်းက တွဲဆိုင်း (၃)ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ ပြိုင်ဘက်ဖြစ်သူ ရုရှားနိုင်ငံသား Kirill Orlov က ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

၎င်းတို့နှစ်ဦးပွဲစဉ်တွင် လျှာအမြဲထုတ်ပြတတ်သည့် မာန်ရဲကျော်စွာအား ပြိုင်ဖက်၏ လျှာထုတ်ပြခြင်းကိုပါ ခံခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here