စဉ့်အင် ချောင်းကူးဖောင် ပြန်လည်ကူးနိုင်ပြီဖြစ်ဟုဆို

0
130

ယမန်နေ့ ဇွန်(၁၆)ရက် နံနက်ပိုင်းမှစတင်၍ လားရှိုး – ကျောက်မဲ လမ်းပိုင်းရှိ စဉ့်အင်ချောင်းအား ဖောင်ဖြင့်ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

ဖောင်အား ညတွင်းချင်းပြန်လည်ပြင်ဆင်ပြီးနောက် ယမန်နေ့နံနက်ပိုင်းတွင် ပြန်လည်ဖြတ်သန်းကူးနိုင်ခြင်းဖြစ်သည်။

ဇွန်(၁၅)ရက် ညနေ(၄)နာရီခွဲအချိန်၌ အဆိုပါ စဉ့်အင်ချောင်းကိုဖြတ်၍ ကျောက်မဲဘက်မှ လားရှိုးဘက်အခြမ်းသို့ ကူးလာစဉ် တင်ဆောင်လာဟည့် ယာဉ်နှစ်စီး၏ ဝိတ်မညီမှုကြောင့် တိ-မ်းမှော-က်န-စ်မြှပ်-ခဲ့ ကြောင်း သိရသည်။

“အခုတော့ ဖောင်ကို လိုအပ်တာ ပြင်ဆင်ပြီးချောင်းကူးပေးနေပါပြီ။ အမှန်က လှေနှစ်စီးကို ကြားခံထိုးတာထက် လှေသုံးစီးယှဉ်ပြီး ဖောင်ဖွဲ့ရင် ပိုအဆင်ပြေနိုင်မယ်။ ဒီလမ်းက လားရှိုး -ကျောက်မဲသွားဖို့ အဆင်ပြေဆုံးလမ်းဖြစ်နေတယ်။ အခြားလမ်းတွေရှိပေးမယ့်တောလမ်းဖြစ်တာကြောင့် အချိန်ကြန့်ကြာတယ်။ အခုပြန်ကူးလို့ရပြီဆိုတော့ ကောင်းပါတယ်။ ကားတွေကတော့ ဖောင်ကူးဖို့ တန်းစီစောင့်ဆိုင်းနေရတာပေါ့”ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ဖောင်န-စ်မြှ-ပ်မှုအတွင်း လားရှိုးအခြေစိုက် လူနာတင်ယာဉ်တစ်စီးနှင့် ခရီးသွားယာဉ်ငယ်တစ်စီး န-စ်မြှ-ပ်ခဲ့ ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ဟု သတင်းများထွက်ပေါ်နေပြီး၊ ယင်းအတွက် ခရီးသွားများအနေဖြင့် အများစုသွားသည့် လမ်းကိုသာ စုပေါင်းရွေးချယ်သွားလာနေကြကာ တစ်ဦးတည်း လမ်းရွေးချယ်သွားလာမှု ရှောင်ရှားနေကြကြောင်း သိရသည်။

” ဘယ်က ဘယ်လိုစထွက်လာတဲ့ သတင်းလည်းတော့မသိဘူး။ တိုက်ပွဲဖြစ်မှာမို့ ကျောင်းတက်နေတဲ့ ရပ်ဝေးကျောင်းသားတွေ နေရပ်ပြန်ကုန်ကြပြီ ဆိုပြီးသတင်းတွေထွက်နေတယ်။ ကျောက်မဲမှာနေတဲ့ ကျွန်တော်တို့တောင် ဘာမှမသိဘူး။ အဲဒီလိုဖြစ်စဉ်မျိုးလည်း မကြားဘူး။ မတွေ့ဘူး။ ဒီကာလခရီးသွားတွေလည်း အများစု သွားတဲ့ လမ်းကပဲ တစ်စုတစည်းတည်းသွားတာ ပိုသင့်တော်ပါတယ်။”ဟု နောက်ထပ်ကျောက်မဲမြို့ခံ သတင်းအရင်းအမြစ်တစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိသေးဘဲ၊ မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းများ ပျက်ဆီးမှုကြောင့် ဒေသတွင်းခရီးသွားများ အခက်အခဲဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ CJ (ယခင်ပုံအဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here