ကင်ဆာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဝေလမင်းသမီးပြည်သူရှေ့‌ပေါ်လာ

0
132

လန်ဒန်၊ဇွန် ၁၅

ဗြိတိန်၏ဝေလမင်းသမီး ကိတ်သည် ကင်ဆာရောဂါဖြစ်နေကြောင်းသိရှိပြီးနောက် ပထမဆုံးအနေဖြင့် ချားလ်စ်ဘုရင်မွေးနေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်လာသည်။

အသက် ၄၂ နှစ်အရွယ်ရှိ မင်းသမီးသည် ဇန်နဝါရီလက ဝမ်းဗိုက်ခွဲစိတ်မှုခံယူပြီးနောက် ဆေးရုံ၌ နှစ်ပတ်ကြာနေထိုင်ခဲ့ရာမှ နှစ်လအကြာ၌ ပြုလုပ်သောစမ်းသပ်မှုများတွင် ကင်ဆာရောဂါရှိနေကြောင်းသ်ရှိရသဖြင့် ဓါတ်ကင်နေရကြောင်း ကြေငြာခဲ့သည်။

ကိတ်သည် ဆေးကုသမှုခံယူဆဲဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်လာမှုကြောင့် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းသို့ထွက်လာခဲ့ခြင်းလည်းဖြစ်သည်။

မင်းသမီးကိတ်သည် ရထားလုံးဖြင့် ၎င်း၏က_လေ-းများနှင့်အတူလာခဲ့ခြင်းဖြစ်ပြီး မိုးဖွဲဖွဲများကြားမှပင် ပြည်သူများသည် မင်းသမီးလာသည်ကိုမြင်ရသည့်အခါ ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။

“ဘုရင်ကြီးမွေးနေ့ဆိုတာသိပါတယ်၊ဒါပေမဲ့ မင်းသမီးကိုမတွေ့ရတာကြာပြီမို့ စိတ်ပူနေခဲ့တာ၊အခုလိုတွေ့လိုက်ရတော့ အရမ်းပျော်သွားတယ်” ဟုလည်းအခမ်းအနားလာရောက်ကြည့်ရှုသူ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here