YBS ယာဉ်များကို သံလျင်တံတားအမှတ် (၃) ပေါ်မှ ဖြတ်သန်းခွင့်မပြုဘဲ တံတားဟောင်းပေါ်မှသာ ဖြတ်သန်းခွင့်ပြုထား

0
133

ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ် (၃) ပေါ်မှ YBS ယာဉ်များကို ဖြတ်သန်းခွင့်မပြုပဲ တံတားဟောင်းပေါ်တွင်သာ ဖြတ်သန်းခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်(၃) ကို ဇွန်လ (၈) ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

” YBS ယာဉ်တွေကို တံတားဟောင်းပေါ်ကပဲ ဖြတ်သန်းခွင့်ပြုထားတယ်။ တံတားအသစ်ပေါ်က YBS တွေကို ဖြတ်သန်းမောင်းနှင်ခွင့်မပြုပါဘူး။ အဲဒီဘက်ကတော့ အနည်းငယ်တော့ ယာဉ်ကြောပိတ်တာမျိုးရှိဦးမယ်”ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ်(၃) ၏ တံတားဖြတ်သန်းခကို ဇွန်လ (၁၆)ရက်တွင် စတင်ကောက်ခံနေပြီး နိုင်ငံတကာ စနစ်အတိုင်း QR Code အသုံးပြု၍ Mobile Pay စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် YBS ယာဉ်လိုင်း ၁၃၀ ခန့်၊ ယာဉ်စီးရေ ၃၆၉၆ စီးမှ စုစုပေါင်း ခရီးသည် တစ်သန်းခွဲခန့်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here