ယနေ့တွင် ပြည်ပသို့ ဆန်တန်ချိန်(၁)သိန်း ကျော်နှင့် ပြောင်းစေ့တန်ချိန် (၂)သိန်း ကျော်တင်ပို့မည်

0
140

ယနေ့ ဇွန်လ (၁၈) ရက်တွင် ဆိပ်ကမ်းအသီးသီးမှ ပြည်ပသို့ ဆန်တန်ချိန် ၁၀၃၈၀၀ တန်နှင့် ပြောင်းစေ့တန်ချိန် ၂၀၂၉၀၀ တန်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဆူးလေဆိပ်ကမ်း (SPW) မှ ဆန်တန်ချိန် ၅၈၈၀၀ တန်၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT) မှ ပြောင်းစေ့တန်ချိန် ၃၃၀၀၀ တန် ၊ ဆန်တန်ချိန် ၁၂၅၀ဝ တန် ၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT)မှ ဆန်တန်ချိန် ၁၀၀၀ဝ တန်၊ ပြောင်းစေ့တန်ချိန် ၂၅၀၀၀ တန်၊ Yangon International Gateway Terminal (YIGTL) မှ ဆန်တန်ချိန် ၁၂၅၀၀ တန်၊ Myanmar Integrated port Limited terminal (MIPL) မှ ပြောင်းစေ့တန်ချိန် ၂၅၀၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းစေ့တန်ချိန် ၂၇၀၀ တန်၊ သီလဝါဆိပ်ကမ်း (Myanmar International Terminal Thilawa) မှ ပြောင်းစေ့တန်ချိန် ၁၀၈၀၀ တန်၊ မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port-MIP)မှ ဆန်တန်ချိန် ၁၀၀၀၀ တန်၊ ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀ တန်၊ သီလဝါဆိပ်ကမ်း (Thilawa Multipurpose Inter national Terminal-TMIT)မှ ပြောင်းစေ့တန်ချိန် ၅၂၅၀၀ တန်၊ Wilmar (Wilmar International Port Terminal) မှ ပြောင်းဖူးစေ့တန်ချိန် ၂၁၀၀၀ တန်၊ မုတ္တမဆိပ်ကမ်းမှ ပြောင်းစေ့တန်ချိန် ၂၇၀၀ တန် နှင့် ရွှေမဲဆိပ်ကမ်းမှ ပြောင်းစေ့တန်ချိန် ၂၇၀၀ တန်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန် (၁၇) ရက်ကလည်း အေးရှားဝေါဆိပ်ကမ်း (AWPT-2) မှ ပြောင်းစေ့တန်ချိန် ၅၄၀၀ တန် နှင့် မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တန်တင်ပို့ထားသ ည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here