ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ဆက်လက် ပေးပို့

0
121

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ပစ္စည်းများကို ဇွန် (၁၇) ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ဆက်လက်ပေးပို့ခဲ့ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပေးပို့သည့်ဆန် (၂၄) ပြည်အိတ် (၃၉၈၉၈) အိတ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လောင်စာတောင့်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် စုစုပေါင်း (၂,၀၈၃.၄ ၄) တန်ကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည် ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ (၁၆) ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်များ အပါအဝင် ရေယာဉ် (၄၇) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၆၉,၈၂၅ ဒသမ ၃၆) တန်နှင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92(၁၉၉,၈၈၆) ဂါလံအား ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here