MNL League Cup 2024 Final ပွဲစဉ်တွင်ရှမ်းအသင်းကွင်းလယ်ကစားသမား မာ့ခ်ဆာကီ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်ဟု ဆို

0
354

MNL League Cup 2024 Final ပွဲစဉ်တွင်ရှမ်းအသင်းကွင်းလယ်ကစားသမား မာ့ခ်ဆာကီ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ကြောင်း ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ယမန်နေ့က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အသိပေးပြောကြားသည်။

အလားတူ ရန်ကုန်ယူနိုက်တက်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဟိန်းဇေယျာလင်းမှာလည်း ဒဏ်ရာကြောင့် ပွဲစဉ်အတွင်းမပါဝင်နိုင်ကြောင်း ရန်ကုန်ယူနိုက်တ က်အသင်းနည်းပြချုပ် ဖရန့်ဘတ်ဟတ်က ပြောကြားသည်။

အဆိုပါ အသင်းနှစ်သင်းရှိ အဓိက အားထားရသည့် ကစားသမားများ မပါဝင်လာနိုင်မှုအတွက် အစားထိုးကစားသမား ပြင်ဆင်ထားပြီဖြစ်ကြောင်း နှစ်ဘက် နည်းပြချုပ်များက ပြောကြားထားသည်။

လက်ရှိတွင် အသင်းနှစ်သင်းလုံး၏ ပွဲထွက်ကစားသမားများ စာရင်းထုတ်ပြန်လာထားခြင်းမရှိသေးပေ။

MNL League Cup 2024 ဗိုလ်လုပွဲစဉ်အား မနက်ဖြန် ဇွန် (၁၉)ရက် ညနေ (၅)နာရီခွဲ အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ရန်ကုန်ယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဆီမီးဖိုင်နယ်တွင် ရတနာပုံအသင်းကို အနိုင်ရခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းသည် ဆီမီးဖိုင်နယ်တွင် ဒဂုံစတားယူနိုက်တက်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here