ရုရှား၏ ယူကရိန်းစစ်ဆင်ရေး မြောက်ကိုရီးယား အခိုင်အမာထောက်ခံ

0
503

ဆိုးလ်၊ဇွန် ၁၈

ယူကရိန်းကို ရုရှားက စစ်ဆင်မှုကို မြောက်ကိုရီးယားက အခိုင်အမာထောက်ခံအားပေးခြင်းကို ချီးကျူးကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြုံယမ်း ခရီးစဥ် မတိုင်မီပြောကြားခဲ့ပြီး နျူလက်နက်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန်ရည်ရွယ်လျက် ပြုံယမ်းခရီးစဉ်ကိုလည်းစတင်ခဲ့သည်။

၎င်းတို့နှစ်နိုင်ငံအနေဖြင့် ယခုအခါ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာဖော်ဆောင်နေသည်ဟုလည်း သမ္မတပူတင်ကဆိုခဲ့သည်။

သမ္မတပူတင်သည် မြောက်ကိုရီးယားသို့ အင်္ဂါနေ့နှောင်းပိုင်းတွင်ရောက်ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဥ်၌ နှစ်နိုင်ငံ ပူးတွဲကြိုးပမ်းမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသောအဆင့်သို့ရောက်ရှိစေမည်ဖြစ်ပြီး ရုရှားနှင့် မြောက်ကိုရီးယား အကြားအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးကိုအထောက်အကူပြုလိမ့်မည်ဟုလည်းရုရှားခေါင်းဆောင်ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် ရုရှားအာကာသစခန်းတွင် ပူတင်နှင့်တွေ့ဆုံရန် ၎င်း၏ကျည်ကာရထားဖြင့် ပြည်ပခရီးထွက်ခဲ့သေးသည်။

ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးမြင့်တက်လာသကဲ့သို့ တောင်ကိုရီးယား၊ဝါရှင်တန်နှင့် ကိဗ်တို့ကမူ မြောက်ကိုရီးယားက ယူကရိန်းစစ်အတွက် ရုရှားကိုလက်နက်ထောက်ပံ့ပေးနေသည်ဟုလည်း စွပ်စွဲပြောဆိုထားသည်။

Source : အေအက်ဖ်ပီ/ကေဂျီ


LEAVE A REPLY

Please enter your comment!
Please enter your name here