ဒေသတွင်းပဋိပက္ခ အကြာမြင့်ဆုံး ဖြတ်သန်းရသည့် ပလက်ဝနှင့်မင်းတပ်တွင် ကပ်ရောဂါသဏ္ဍာန် ဝမ်းကိုက်ရောဂါဖြစ်ပွားပြီး လူ(၁၄)ဦး အသက်ဆုံးရှုံး

0
152

ဒေသတွင်း ပဋိပက္ခများအား အကြာမြင့်ဆုံးနှင့် အဆိုးဝါးဆုံးဖြတ်သန်းနေရသည့် ချင်းပြည်နယ်၊ ပလက်ဝနှင့် မင်းတပ်မြို့ရှိ ကျေးရွာအချို့တွင် ကပ်ရောဂါသဏ္ဍာန် ဝမ်းကိုက်ရောဂါဖြစ်ပွားနေပြီး ယင်းရောဂါကြောင့် ဒေသခံ(၁၄)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ယမန်နေ့ ဇွန်(၁၇)ရက်က Chin Health Organization ၏ အသိပေးချက်အရ သိရသည်။

ဒေသအတွင်း လက်ရှိ ဖြစ်ပွားနေသော ဝမ်းကိုက်ရောဂါသည် အချိန်အားဖြင့် (၂ )နာရီမှ (၅)ရက်အတွင်း လက္ခဏာပြကာ ထိရောက်သည့် ကုသမှု အမြန်မခံယူပါက ‌ေ-သဆုံးမှု ရာခိုင်နှုန်း (၃၀)မှ (၅၀) ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကူးစက်မှုများနိုင်သည့် ရောဂါအမျိုးအစားဖြစ်ပြီး၊ အဓိက ရေ ၊ အစားအသောက်နှင့် မစင်မှတဆင့် ကူးစက်တတ်ခြင်းဖြစ်ကြောင်း သိရသည်။

“အပြင်စာ မစားပါနဲ့။ ဟင်းကျန် ထမင်းကျန် မစားပါနဲ့။ အစာကို ယင်လုံအောင် သိမ်းဆည်းပါ။ နို့တိုက်က-လေ-းတွေကို အမေနို့တမျိုးတည်း တိုက်ပါ။ ယင်လုံအိမ်သာ သုံးပါ။ အိမ်သာသွားပြီးတိုင်း၊ အစာမစားခင်၊ မပြင်ခင်၊ မချက်ခင် လက်ကို ဆပ်ပြာနဲ့ စင်အောင် ဆေးပါ။ ဝမ်းလျှောတာနဲ့ ကျန်းမာရေးဝန်ထမ်းဆီ ချက်ချင်းပြပါ။ ဓာတ်ဆား ချက်ချင်းသောက်ပါ။ အရေးကြီးဆုံးက ရေကို ကျိုချက်ပြီး သောက်ပါ” ဟုလည်း တိုက်တွန်းထားသည်။

အဆိုပါ ဝမ်းကိုက်ရောဂါကြောင့် မင်းတပ်မြို့၊ အောက်ချိုင်ရွာတွင် အသက် (၈၆)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ( ၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရပြီး၊ နောက်ထပ် က–လေ–းငယ်သုံးဦးနှင့် အမျိုးသမီးသုံးဦး ဆက်လက်ဆေးကုသမှုခံယူနေရသည်ဟုလည်း မင်းတပ်မြို့နယ်စစ်ဘေးရှောင်များ စောင့်ရှောက်ရေးကော်မတီထံမှသိရသည်။

” ကျန်းမာရေးဌာနကတော့ ဓာတ်ခွဲအတည်ပြုဖို့ကြိုးစားနေတယ်လို့ သိရတယ်။ ပြင်းထန်ဝမ်းကိုက်ပိုး ( Cholera Outbreak) ကြောင့်လို့တော့ သိရတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်များ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင် (၁၀,၅၀၀) ဝန်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းနှင့် အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here