မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

0
147

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဦးစီး၍ မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ ဇွန်လ (၁၇)ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဇွန် (၁၇) ရက်မှ (၂၁) ရက်အထိ ကျင်းပသွားမည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် မဲစာရင်းပြုစုရေးနှင့် သက်ဆိုင်သည့် နည်းပညာများကို ရှင်းလင်း ဆွေးနွေးမျှဝေနိုင်ရန်နှင့် နည်းပညာအသုံးပြု၍ မဲစာရင်းများ မှန်ကန်စေရန်အတွက် ပြုလုပ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် လူဦးရေစာရင်းနှင့် သက်ဆိုင်သည့် File ၊ Folder များ စီမံခန့်ခွဲခြင်း၊ e-ID လူဦးရေ စာရင်းများကို စစ်ဆေးခြင်းနှင့် သန့်စင်ခြင်း၊ လူဦးရေစာရင်းများကို Admin and DEO Software များအသုံးပြု၍ ပြုစုခြင်းနှင့် ထည့်သွင်းခြင်း၊ ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ် CVLMS သို့ ထည့်သွင်းခြင်းနှင့် ပြန်လည်စစ်ဆေးခြင်း၊ ထည့်သွင်းပြီးစာရင်းများနှင့် ထပ်မံရောက်ရှိလာသည့် စာရင်းများကို တိုက်ဆိုင်စိစစ်ခြင်းစသည့် လုပ်ငန်းများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားမည်ဖြစ်ကာ စနစ်များ အသုံးပြုရာ၌ မှားတတ်သောအမှားများကို လက်တွေ့ချပြ ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုလည်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here