ကိုဗစ်အတည်ပြုလူနာသစ် ၇၃ ဦးရှိလာ ၊ ယခင်တစ်ပတ်ထက် (၁၀) ဦးထပ်တိုး

0
158

ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ဇွန် (၁၇) ရက် ထုတ်ပြန်သည့် ကိုဗစ် – ၁၉ ရောဂါကူးစက်မှု အခြေအနေ အသိပေးချက်အရ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၇၃) ဦးရှိကြောင်း သိရသည်။

ဇွန်လ(၉)ရက်၊ ည(၈)နာရီမှ ဇွန်လ(၁၆)ရက်၊ ည(၈)နာရီအထိ တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၃၈၇၈)ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် (၇၃) ယောက်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် (၀ ဒသမ ၂၂) ရာခိုင်နှုန်းရှိလာခြင်းဖြစ်ကာ ကိုဗစ်-၁၉ရောဂါနှင့် ‌ေ-သဆုံးသူမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယခင်အပတ်က ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုသည် (၆၃) ယောက်ရှိကာ ယခု (၇၃) ယောက်ရှိလာသောကြောင့်ယခင်အပတ်ထက် (၁၀)ဦး ပိုများလာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here