(၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ် ယောဂသရုပ်ပြ လေ့ကျင့်ခြင်း အစီအစဉ် ကျင်းပ

0
369

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်း၍ (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ် ယောဂသရုပ်ပြ လေ့ကျင့်ခြင်း အစီအစဉ် တစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ယောဂသရုပ်ပြ လေ့ကျင့်ခြင်း အစီအစဉ်ကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် တောင်ဘက်မုခ်အနီးရှိခန်းမတွင် ဇွန် (၁၇) ရက်၊ နံနက် (၆)နာရီခွဲအချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဝန်ကြီးဌာန အသီးသီးမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်နှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် အခြားသော ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့နှင့်အတူ ဥပ္ပါတသန္တိစေတီတော် ပရဝုဏ်ရှိ မာလိနီရေကန်တော်ဥယျာဉ်တွင် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အား အမှတ်တရ စုပေါင်းဂုဏ်ပြုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here