အစ္စရေးနိုင်ငံသားထောင်ချီ၍ အစိုးရကို ထပ်မံ ဆန္ဒပြခဲ့

0
566
Israelis waving their national flag gather during an anti-government rally calling for early elections, outside the Knesset or Israeli Parliament in Jerusalem on June 18, 2024, amid the ongoing conflict in the Gaza Strip between Israel and the Palestinian militant Hamas movement. (Photo by Menahem Kahana / AFP)

ဂျေရုဆလင်၊ဇွန် ၁၈

ထောင်နှင့်ချီသော အစ္စရေးနိုင်ငံသားများသည် ဝန်ကြီးချုပ်နေတန်ယာဟုအစိုးရကို ဓ-ါးစာခံများကို လွတ်မြောက်ရေးအတွက် ညှိနှိုင်းရန်ပျက်ကွက်မှုနှင့် ဂါဇာစစ်ပွဲ ကိစ္စဖြင့် ထပ်မံဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဂါဇာရှိဟားမတ်စ်တို့နှင့်ဖြစ်နေသည့် အစ္စရေး – ဟားမတ်စ်အရေးကို နေတန်ယာဟု၏ကိုင်တွယ်ပုံကို သဘောမကျသောကြောင့် အစ္စရေးပြည်သူများ၏ ဆန္ဒပြမှုများသည် အပတ်စဉ်တိုင်းလိုလိုဖြစ်ပေါ်နေလေ့ရှိသည်။

သို့သော် ယင်းဆန္ဒပြမှုများကို တက်ကြွလှုပ်ရှားသူများ၏ နှောင့်ယှက်မှုများအဖြစ် တာဝန်ရှိသူများကယူဆထားပြီး ဆန္ဒထုတ်ဖော်သူများသည် ရွေးကောက်ပွဲအသစ်ပြုလုပ်ဖို့လည်းတောင်းဆိုခဲ့ကြသည်ဟုသိရသည်။

ဆန္ဒပြသူများသည် ဂျေရုဆလင်သို့ချီတက်လာပြီး အစ္စရေးပါလီမန်နှင့်နေတန်ယာဟုအိမ်အား ပိတ်ဆို့ထားခဲ့သဖြင့်လည်း ရဲတပ်ဖွဲ့နှင့် အထိကရုဏ်းဖြစ်ခဲ့ကြသေးသည်။နှစ်ဖက်အထိကရုဏ်းများကြားမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် ယင်းသို့ပြုလုပ်သူကိုးဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်းသိရသည်။

အစ္စရေး – ဟားမတ်စ်အရေးသည် ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏တိုက်ခိုက်မှုအပြီး အစ္စရေးဘက်မှ လူပေါင်း ၁,၁၉၄ ဦးခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၅၀ ခန့်ကို ‌ေ-သနတ်သမားများက ဓ-ါးစာခံအဖြစ်ခေါ်ဆောင်သွားခဲ့ရာမှစတင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါလုပ်ရပ်ကို အစ္စရေး က တုန့်ပြန်မှုသည် ပါလက်စတိုင်း ၃၇,၃၄၇ ကျော် ‌ေ-သဆုံးစေခဲ့ပြီး ဂါဇာ၏လူဦးရေ ၂ ဒသမ ၃ သန်းအနက် အများစုကို အိုးအိမ်မဲ့ဖြစ်စေခဲ့ကာ ငတ်မွတ်မှုနှင့်ပျက်စီးမှုများဖြစ်ပေါ်စေခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here